ကလေးငယ်များကို ဖမ်းဆီး၍ တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်များ လုံးဝမလုပ်ကြောင်း CDF-ပလက်ဝ ထုတ်ပြန်

ကလေးငယ်များကို ဖမ်းဆီး၍ တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်များ လုံးဝမလုပ်ကြောင်း CDF-ပလက်ဝ ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အသက်မပြည့်သော ကလေးငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ တပ် ဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့် သွပ်သွင်းခြင်းများ လုံးဝ ပြုလုပ်ခြင်းမရှိသလို ထိုကဲ့သို့လည်း ပြုလုပ်မည် မဟုတ် ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝက ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း ပလက်ဝမြို့နယ်တွင် အသက်အရွယ် မပြည့်သည့် ကျောင်းသူကျောင်းသားများအား CDF-Paletwa တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသအခြေစိုက် အွန်လိုင်းမီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည့် အပေါ်  CDF-Paletwa က ဇူလိုင်လ ၁၀ ရက်နေ့တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝ ဥက္ကဋ္ဌ ဆလိုင်းမျိုးထိုက်က “ဘယ်သူမှ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းကို သုံးလည်း မသုံးချင်ဘူး။ သုံးလည်း မသုံးသင့်ဘူး။ အခုက ပွင့်လင်း မြင်သာတဲ့ ခေတ်၊ ကျနော်တို့က ပွင့်ပွင့်လင်း လင်းနဲ့  အောက်ခြေမှာ လုပ်ခဲ့သည်ရှိသော် အဖွဲ့အစည်းရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူမယ်လို့ ထုတ် ပြန်ပြီးသာဖြစ်သလို၊ အောက်ခြေဝန်ထမ်းတွေကို ဘာဖြစ်ခဲ့သလဲ ဆို တာ အစီရင်ခံစာလည်း တက်ခိုင်းဖို့ ရှိပါ တယ်” လို့ ပြောသည်။

အဆိုပါ ရေးသားဖော်ပြချက်သည် CDF-Paletwa တပ်ဖွဲ့အပေါ်  ပြည်သူများအနေဖြင့် အထင်အမြင် လွဲမှား စေရန်အတွက် သော်လည်းကောင်း၊ နွေဦးတော်လှန်ရေးကို သေးသိမ်စေပြီး အာဏာရှင်နှင့် အပေါင်းအပါ အလို တော်များ အားရ ကျေနပ်စေရန်အတွက် သော်လည်းကောင်း ရေးသားဖော်ပြခြင်းသာ ဖြစ်သည်ဟု CDF-Paletwa က ဆိုသည်။

ဇွန်လ ၃၀ ရက်နေ့က ပလက်ဝမြို့နယ်၊ ပေါင်းမိုကျေးရွာမှ ကျောင်းသား/သူ ၂၂ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝက ဖမ်းဆီးခေါ်ဆောင်ထားပြီး ၁၉ ဦးကို ချက်ချင်း ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသအခြေစိုက် Khumiland News ကဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆလိုင်းမျိုးထိုက်က  “ပေါင်မိုးက ကျောင်းသားတွေကို ခဏထိန်းတယ်ဆိုတာ သိရ သလောက်က CDM မလုပ်တဲ့ စကစ ဝန်ထမ်းတွေကို ခေါ်ပြီးမှ ကျောင်းဖွင့်တဲ့ ကိစ္စကို အဲဒီမှာ ဦးဆောင်တဲ့ ရဲဘော်တွေက ခဏထိန်းတယ်ဆိုတဲ့ အနေအထားပါ။ ကလေးတွေကို လက်ဖျားနဲ့တောင်မှ မထိဘူး။ မြေပြင်က ဖုန်းဆက်တော့ ချက်ချင်းကို ချွက်ယွင်းချက် မရှိပေါ့နော်။ ဒီကိစ္စက ကျနော်တို့ မူဝါဒ ရှိတယ်။ မူဝါဒအတိုင်းပဲ အရေးယူသင့်ရင် ယူမယ်၊ မယူသင့်ဘူးဆိုရင်လည်း ဆုံးဖြတ်ချက်ချရမှာ။ အဲ့ဒါကြောင့် လုံးဝမဖြစ်သင့်တဲ့ ကိစ္စ ဖြစ်လို့ အားလုံးကို ပြန်လွှတ်ပေးခိုင်းထားပါတယ်။ အဲ့ဒီပေါင်မိုးက ကျောင်းသား/သူတွေရဲ့ မိဘတွေနဲ့ စကား ပြောတယ်။ အဲ့ဒါဟာ အောက်ခြေက မှားသွားပါတယ်ဆိုတဲ့အကြောင်း ကျနော်က တောင်းပန်ထားတယ်” ဟု  ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝ ဥက္ကဋ္ဌ ဆလိုင်းမျိုးထိုက်က ပြောပါသည်။

ယနေ့အချိန်ထိ ပေါင်းမိုကျေးရွာက ကျောင်းသား/သူ ၂၂ ဦးတွင် (၃) ဦးမှာ ပြန်မလွတ်သေးဘဲ ရှိနေသေးကြောင်း ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇူလိုင်လ ၅ ရက်နေ့ကလည်း ပလက်ချောင်းကျေးရွာများဘက်က ကျောင်းသူ/သားအပါအဝင် ကလေးငယ် ဆယ်ဦးခန့်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝက ခေါ်ဆောင်သွားသည်ဟု ဒေသခံအချို့က ပြောသည်။

“ပလက်ချောင်းကိစ္စက စုဆောင်းရေး ဆိုပြီးမှ ဟောပြောပွဲ လုပ်ပြီးမှ သဘောဆန္ဒအရ လိုက်မယ်ဆိုတဲ့ဟာ လုပ် ပါတယ်။ မြေပြင်က မိဘတွေကလည်း ဖုန်းတကြောင်းမှ မဆက်သေးဘူး။ အဲ့ဒါမှ မြေပြင်ကဟာတွေ ဟုတ်၊ မဟုတ်ဆိုတာ သိမှာပေါ့။ တကယ်တမ်း တပ်ရင်းထဲက ရဲဘော်တွေရဲ့ သတင်းပို့ချက်အရ ပါသွားတဲ့ စုဆောင်း ရေး အဖွဲ့တွေရဲ့  မှတ်ချက်အရ သူတို့ရဲ့ သဘောအတိုင်းပဲ လာတဲ့ အနေအထားပါ” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

ပလက်ဝမြို့နယ်ထဲက ပေါင်းမိုးနှင့် ပလက်ချောင်းကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်၍ ခိုနူမ်းသုန်သတင်းဌာန အနေဖြင့် ထပ်မံ အတည်ပြုချက်များ ရရှိရေး ကြိုးစားနေဆဲ ဖြစ်သည်။

ထို့အပြင် CDF-Paletwa ၏ ထုတ်ပြန်ချက်ထဲတွင် ဒေသခံပြည်သူများ ငြိုငြင်ပြီး တော်လှန်ရေးကို နားလည်မှု လွှဲမှားစေနိုင်သော ပြုမှုဆောင်ရွက်ချက်များ လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း၊ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး ကွန်ဗင်းရှင်း ပြဌာန်းချက်များနှင့်အညီ အသက်မပြည့်သော ကလေးငယ်များကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့် အဓမ္မဖမ်းဆီးကာ သွပ်သွင်းခြင်းကို လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း ဖော်ပြသည်။

ထိုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝမှ တပ်ဖွဲ့ဝင်များက ပြုလုပ်ပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူများထံသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ကျူးလွန် သူ တပ်ဖွဲ့ဝင် မည်သူကိုမဆို စစ်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်မည်ဟု ဆိုသည်။

November 5, 2024
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏ ...
November 4, 2024
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁...
October 31, 2024
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...
October 30, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များအား...