Published
Sunday, July 09, 2023
ALP ပါတီဝင် ၃ ယောက်သေဆုံး၊ ၃ ယောက်ဒဏ်ရာရရှိတဲ့ စစ်တွေပစ်ခတ်မှုမှာ ULA/AA နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့တုံ့ပြန်
- ALP ပါတီက အဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရရှိခဲ့တဲ့ စစ်တွေပစ်ခတ်မှုမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ ULA/AA က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
- နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ သမီးဖြစ်သူတို့ ထောင်ပြောင်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
- ခရီးသွားလာခွင့်နဲ့ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက လက်ရှိအချိန်ထိကန့်သတ်ပိတ်ပင်ထားလို့ ပလက်ဝမြို့နယ်မှာ ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေဆဲပဲလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။