စစ်ကောင်စီလက်ထက် မသန်စွမ်းကလေးငယ်တွေ ပညာသင်ကြားခွင့်ကန့်သတ်ခံနေရ

စစ်ကောင်စီလက်ထက် မသန်စွမ်းကလေးငယ်တွေ ပညာသင်ကြားခွင့်ကန့်သတ်ခံနေရ
ဓာတ်ပုံ-BBC
ဓာတ်ပုံ-BBC

စစ်ကောင်စီလက်ထက် အခြေခံပညာကျောင်းတွေမှာ မသန်စွမ်းကလေးငယ်တွေကို ပညာသင်ကြားခွင့် ကန့် သတ်တာတွေ ရှိလာတယ်လို့ မသန်စွမ်းအရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

မသန်စွမ်းကလေးငယ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ပညာသင်ကြားခွင့် တွေကို အများနည်းတူ ရရှိတာမရှိတော့သလို လူ့အခွင့်အရေးဆုံးရှုံးမှုတွေ အဆိုးရွာဆုံးခံစားနေရတာပါ။

မသန်စွမ်းကလေးငယ်တွေကို ကျောင်းအပ်ချိန်မှာ လက်မခံတာအပြင် ငွေကြေးတောင်းခံမှုတွေပါရှိလာသလို ကြားကာလပညာရေးမှာလည်း သင်ကြားဖို့ လက်လှမ်းမမှီတဲ့အတွက် ပညာရေးပိုင်းမှာ အခက်အခဲ ကြုံနေရ တယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ပြောပါတယ်။

“ပညာရေးဆိုလည်း အခုကျောင်းမှာ ကျန်ခဲ့တဲ့ဆရာမတွေကလည်း သူတို့ရဲ့စိတ်သဘောထား၊ သူတို့ရဲ့ ခံယူချက်နဲ့ ကျန်ခဲ့တာကို။ တချို့ကခံယူချက်က မကောင်းတော့ ကလေးတွေကို ကျောင်းမှာ လက်မခံတာတွေလည်း ရှိ တယ်။ ပိုက်ဆံတွေ အတင်းတောင်းတာတွေ ရှိတော့ ငွေကြေးအားဖြင့် သော်လည်းကောင်း၊ ဒီနည်းပညာအားဖြင့် သော်လည်းကောင်း လက်လှမ်းမီရဖို့က မဖြစ်တဲ့ အတွက် ဉာဏ်ရည်မသန်စွမ်းတဲ့သူတို့၊ တချို့တွေက ပိုဆိုးပေါ့။ ဆေးပုံမှန်သောက်ရတာတို့၊ လေကျင့် ခန်းလုပ်တာတို့၊ သူတို့အတွက်ကို ဝန်ဆောင်မှုတစ်ခုခုပေါ့နော်။ ပညာရေး ဆိုင်ရာ၊ နေ့စဉ်လှုပ်ရှားသွားလာမှု ဆိုင်ရာ ဒါမျိုးတွေရဖို့ တော်တော်လေး ခက်ခဲကြတယ်ဗျာ” လို့ ဆိုပါတယ်။

မသန်စွမ်းကလေးငယ်တွေ ပညာသင်ကြားခွင့်မရတာကြောင့် နောက်ပိုင်းမှာ အသိပညာနဲ့ အတတ်ပညာပိုင်း ဆိုင် ရာတွေမှာ အားနည်းလာမှာဖြစ်သလို အရင်လို ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တွေကအစ မဆုံးဖြတ်နိုင်တော့ဘဲ သူများ တွေကို အားကိုးနေရတော့မှာဖြစ်တယ်လို့ သူကပြောပါတယ်။

မသန်စွမ်းအရေး ကူညီပေးနေသူတစ်ဦးကလည်း “ဆိုးဆိုးရွားရွား ဖြစ်စဉ်တစ်ခုက ကလေးကို ကျောင်းလက်မခံ ဘူး။ အကြောင်းပြချက်အမျိုးမျိုးနဲ့ လက်မခံဘူး။ နောက်ဆုံး ကျွန်တော်တို့ အထက်အဆင့်ဆင့် လုပ်လိုက်တဲ့ အခါကျတော့ လက်တော့လက်ခံတယ်။ အသနားခံစာ တင်ရမယ်ဆိုလို့ ကျွန်တော်တို့ တော်တော်ပြဿနာ တက် သွားတယ်။ ကျွန်တော်တို့ အသနားခံစာ မတင်တော့ဘူး။ ဒါက ကလေးတိုင်းရပိုင်ခွင့်၊ ကျန်တဲ့ကလေးတွေရော အသနားခံစာတင်ဖို့ လိုလို့လားဆိုတော့ မလိုဘူးတဲ့။ မလိုရင် ကျွန်တော်တို့ မသန်စွမ်းလည်းမလိုဘူးလို့” ပြောပါ တယ်။

စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းတွေမှာ မသန်စွမ်းကလေးငယ်တွေနဲ့ တခြားကလေးငယ်တွေ ကြား ခွဲခြားဆက်ဆံမှုတွေ ရှိလာတာကြောင့် မသန်စွမ်းကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာ တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ကဗျာ အတန်းပညာကရဖို့ ခက်တယ်ဗျ။ အတန်းပညာမရှိရင် အတတ်ပညာကို တတ်လားဆိုတော့ သူတို့မတတ်ဘူး။ နဂိုကမှ မသန်စွမ်းဖြစ်ပါတယ်ဆိုမှ အတန်းပညာတို့၊ အတတ်ပညာတို့ မရဘူးဆိုရင် အလုပ် အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးသွားပြီးပေါ့နော်။ အလုပ်အကိုင် အခွင့်အလမ်းရဖို့ ခက်တာပေါ့။ ဒီတော့ဝင်ငွေ ရဖို့ဆိုတာ မလွယ်တော့ဘူး။ ကိုယ့်ဘဝကိုယ် ရပ်တည်ဖို့ မလွယ်တော့ဘူး။ တစ်ပါးသူကို အားကိုးရတော့မယ်။ မဖြစ်သင့်တာတွေ။ ဂုဏ်သိက္ခာရှိတဲ့ လူ့ဘဝကြီးကို မပိုင်ဆိုင်တော့ဘူး။ အတန်းပညာရော၊ အတတ်ပညာရော၊ သင်ကြားဖို့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ လုံးဝမရလုနီးပါး ဖြစ်နေတယ်ဗျာ”လို့ ကူညီနေသူက ဆက်ပြောပါတယ်။

အခုချိန်မှာတော့ မသန်စွမ်းကလေးတွေရဲ့ ပညာသင်ကြားခွင့်အတွက် မြို့ပေါ်နေရာတွေအထိ အခက်အခဲရှိလာ သလို နယ်မြေမတည်ငြိမ်တဲ့ဒေသက မသန်စွမ်းကလေးငယ်တွေဟာ လုံးဝပညာသင်ကြားခွင့်မရတာတွေပါ ရှိနေတာပါ။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းတွေဟာ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းအပါအဝင် အသက်ရှင်သန်ခွင့်တွေကအစ အားလုံးနီးပါး ဆုံးရှုံးလာတာဖြစ်ပါတယ်။

NLD အစိုးရလက်ထက်ကတော့ မသန်စွမ်းတွေကို လစဉ်ထောက်ပံ့ကူညီနေတာရှိသလို မသန်စွမ်းကလေးငယ် တွေကို ပညာသင်ကြားဖို့အတွက် မသန်စွမ်းကျောင်းဆရာတွေကို ပြည်ပနိုင်ငံတွေအထိ ပညာတော်သင် လွှတ် တာတွေလည်း ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၁၂ ဒဿမ ၈ ရာခိုင်နှုန်း ဟာ မသန်စွမ်းသူတွေ ဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့်လည်း မသန်စွမ်းတွေ နေ့စဉ်နီးပါး တိုးလာနိုင်တယ်လို့ မသန်စွမ်းအရေး ကူညီနေသူတွေက သုံးသပ်ထားပါတယ်။

Most read this week

မြိတ်ခရိုင်တပ်ရင်း ၁
November 5, 2024
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်...
ဓာတ်ပုံ-KNU
November 4, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့...
November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့...
October 31, 2024
ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ...