နာဂတပ် ဌာနချုပ်ဘက်ကို စစ်တပ်က စက်သုံးဆီနဲ့ ဆန်တင်ပို့ခွင့် ပိတ်ထား၍ စျေးအဆမတန် မြင့်တက်

နာဂတပ် ဌာနချုပ်ဘက်ကို စစ်တပ်က စက်သုံးဆီနဲ့ ဆန်တင်ပို့ခွင့် ပိတ်ထား၍ စျေးအဆမတန် မြင့်တက်
ဓါတ်ပုံ - ခလုံးချောင်းရေဆိပ် ခလုံးချောင်းရေဆိပ်
ဓါတ်ပုံ - ခလုံးချောင်းရေဆိပ် ခလုံးချောင်းရေဆိပ်

စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် နာဂလက်နက်ကိုင်တပ် ဌာနချုပ်ရှိတဲ့ဘက်ကို စစ်ကောင်စီတပ်က ဆန်နဲ့ စက်သုံး ဆီ သယ်ယူခွင့်ကို ပိတ်ထားတာကြောင့် စျေးတွေအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံမှန်အားဖြင့် တလူးကျေးရွာနဲ့ တကားကျေးရွာဘက်ကို ဆန်နဲ့စက်သုံးဆီ တင်ပို့ရာမှာ တနိုင်းချောင်းကို အသုံးပြု လျက်ရှိပြီး လက်ရှိ တလူးမှာ ထိုင်ထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရေကြောင်းလမ်းကနေဆန်နဲ့ စက်သုံးဆီ သယ်ယူခွင့်ကိုပိတ်လိုက် ဖြစ်ပါတယ်။

တလူးရွာ ဒေသခံ အမျိုးသားတစ်ဦးက “ပိတ်တာက ခလုံးရေဆိပ်ကနေ ပိတ်လိုက်တာ ခရီးသည်တွေကတော့ ပုံမှန်သွားခိုင်းတယ်လေ။ တခြားကုန်လည်းရတယ်။ ဆန်နဲ့ စက်သုံးဆီတွေကိုပိတ်တာ သယ်လို့မရဘူး။ ခလုံး ရေဆိပ်နဲ့ အဲ့ဒီတလူးနဲ့တကားကြားပိတ် တာပေါ့ ရက်ပေါင်း ၂၀လောက်ရှိပြီပိတ်ထားတာ”လို့ ပြောပါတယ်။

ဒီလို ပိတ်လိုက်တာကြောင့် တလူး၊ တကားကျေးရွာဘက်တွေမှာ စျေးတွေ အဆမတန်မြင့်တက်နေတယ်လို့ ဆန်နဲ့စက်သုံးဆီတင်သွင်းတဲ့ တလူးကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ရေကြောင်းပိတ်လိုက်တာကြောင့် စက်သုံးဆီနဲ့ ဆန်တို့ကို ခန္တီး၊ လဟယ်ဘက်ကနေ ကုန်းကြောင်းနဲ့ တင် သွင်းနေရပေမယ့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ဆန်တအိတ်ကို ကျပ် ၁သိန်းခွဲ၊ စက်သုံးဆီ တစ်ပေ ပါကို ကျပ် ၁၄ သိန်း ဝန်းကျင်အထိ စျေးတက်နေတယ်လို့ တလူးရွာဒေသခံတစ်ယောက်က ပြောပါတယ်။

“တလူး တကားဘက်ကိုက ဆန်၊ ဆီ၊ ဆားကအစ ခလုံးရေဆိပ်လမ်းနဲ့ပဲ လာတာလေ။ နီးလေးနီးတယ်။ ဟိုး ခန္တီး တို့ ဘက်ကတော့ ကားလမ်းကောင်းကောင်းမှ မရှိတာ။ ဝေးလေးဝေးတယ်။ အဲ့ကြောင့် အဲ့လမ်းကြောင်းနဲ့က ကုန်တွေလာဖို့ မလွယ်ဘူး။ အဲ့ကြောင့်စျေးတက်နေတာ” လို့ ပြောပါတယ်။

တလူး၊ တကားဘက်က ဒေသခံတွေဟာ တောင်ယာနဲ့ လယ်စပါးကို အဓိအားထားကြလို့ အခက်အခဲ သိပ်မရှိ ပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ နာဂလက်နက်ကိုင် တပ်ဖွဲ့တွေကတော့ တနိုင်းဘက် က ရေကြောင်းနဲ့ တင်ပို့တဲ့ ဆန်၊ စက်သုံးဆီကို အဓိက အားထားနေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ရေကြောင်း မပိတ်ခင်မှာတော့ တလူး၊ တကားဘက်မှာ ဆန်တစ်အိတ်ကျပ် ၁သိန်း ၂သောင်းခွဲ ဝန်ကျင်းနဲ့ စက်သုံးဆီတစ်ပေပါ ကျပ် ၁၂သိန်း နဲ့ ၁၃သိန်း ဝန်ကျင်အထိသာ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က တလူး၊ တကားကျေးရွာဘက်တွေမှာ အရင်က ဆန်၊ ဆီ သယ်ယူခွင့် ပိတ်ပင်ခဲ့တာ မရှိခဲ့ ပေမယ့် လက်ရှိဘာကြောင့် ပိတ်ပင်တယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

လက်ရှိ ပိတ်ထားတဲ့ ရေကြောင်းဟာ တလူး၊ တကား၊ တုံမနီ၊ ဝေဘီခူး၊ ထမံစီ၊ ဒိုက်စီး၊ မှော်ဝှမ်းပလန် စတဲ့ ကျေးရွာတွေအတွက် အဓိက အားထားရတဲ့လမ်းကြောင်း ဖြစ်ပါတယ်။

November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...