ကာကွယ်ရေးအသုံးစရိတ် အများဆုံးယူထားတဲ့ စစ်ခေါင်းဆောင်က ခြိုးခြံချွေတာဖို့ပြောလာ

ကာကွယ်ရေးအသုံးစရိတ် အများဆုံးယူထားတဲ့ စစ်ခေါင်းဆောင်က ခြိုးခြံချွေတာဖို့ပြောလာ

နိုင်ငံတော်ဘဏ္ဍာငွေတွေကို ကာကွယ်ရေးအသုံးစရိတ်အတွက် အများဆုံးအသုံးပြုနေတဲ့ စစ်ခေါင်းဆောင်က ပြည်တွင်းလိုငွေပြမှုနဲ့ နိုင်ငံခြားငွေလိုငွေပြမှုတွေကိုလျော့ချဖို့ အသးစိတ်ကအစ ခြိုးခြံချွေတာဖို့ ပြောလာပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လ (၃၀) ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးမှာ မဖြစ်မနေသုံးစွဲဖို့ လိုအပ် တာတွေမှအပ ချွေတာ သုံးစွဲကြဖို့၊ ဖြုန်းတီးမှုမဖြစ်စေဖို့ အသုံးစရိတ်တွေကို စနစ်တကျသုံးစွဲဖို့နဲ့ လိုငွေတွေ လျော့ချဖို့ ပြောခဲ့တာပါ။

လက်ရှိအချိန်မှာ ကုန်ထုတ်လုပ်မှု အားနည်းပြီး ရောင်းကုန်မရှိတာကြောင့် ပြည်ပပို့ကုန်အားနည်းတဲ့ အတွက် ပြည်ပကုန်သွယ်မှုမှာ နှစ်ပေါင်းများစွာ လိုငွေပြမှုတွေဖြစ်ပေါ်ခဲ့သလို နိုင်ငံခြားငွေလိုအပ်မှု များပြာလားတယ်လို့ စစ်ခေါင်းဆောင်က ဝန်ခံထားပါတယ်။

အဲဒီလို နိုင်ငံခြားငွေလိုငွေပြတာဟာ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းနဲ့ ဒုတိယသက်တမ်းတွေမှာ နိုင်ငံတကာ ထောက်ပံ့ငွေကူညီငွေနဲ့ ချေးငွေတွေရရှိတဲ့အတွက် ဖြေရှင်းနိုင်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီလက်ထက်မှာတော့ နိုင်ငံတကာ ပိတ်ဆို့မှုတွေ၊ ရှိပြီးသား နိုင်ငံခြားငွေသုံးစွဲလို့ မရအောင် လုပ် ဆောင်တာတွေနဲ့ ရဖို့ရှိနေတဲ့ ရောင်းကုန်ပစ္စည်းတွေကို မပေးချေနိုင်စေဖို့ ပိတ်ဆို့မှုမျိုးစုံ ပြုလုပ်တာတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးက “အမှန်မှာက သူတို့က ပိုငွေပြဖို့လုပ်ထားတာ။ ဒါပေမယ့်လိုငွေ ဆက်တိုက်ပြနေ တယ်။ လိုငွေကလည်း တဖြည်းဖြည်းနဲ့ မြင့်လာတယ်။ သူများနိုင်ငံတွေက ကိုဗစ်အပြီးမှာ ပြန်နာလန်ထူနေပြီ။ ဒါပေမယ့် ကိုယ်တွေဆီမှာတော့ မနည်းကိုကျားကန်နေရတာပေါ့။ သူများတွေ (၆) ရာခိုင်နှုန်း (၇)ရာခိုင်နှုန်း လောက် တိုးနေတဲ့အချိန်မှာ ကိုယ်တွေမှာ (၂) ရာခိုင်နှုန်း (၃)ရာခိုင်နှုန်းလောက်တိုးဖို့ကို မနည်းရုန်းနေရတာ။ စီးပွားရေးလို့ ပြောတာထက်ကို အခြေခံစားဝတ်နေရေးအတွက်တောင် တအားကို ခက်နေတဲ့ အခြေအနေ ဖြစ်နေတယ်။ အဓိကတော့ ပုဂ္ဂလိက ကဏ္ဍပေါ့။ ပုဂ္ဂလိက ကဏ္ဍက ဘယ်လိုမှနာလန်မထူနိုင်ဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

အလားတူ “အကုန်လုံး SMEတွေရော၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေရော၊ ဒီကလုပ်ငန်း အကြီးကြီးတွေရော အဲဒါ တွေက နာလန်မထူနိုင်ဘူးဖြစ်နေတယ်၊ စီးပွားရေးက အခြေခံကျတာကို၊ စီးပွားရေးအပြင် စားဝတ်နေရေးကို ပြေလည်အောင် လုပ်ပေးဖို့တာဝန်ရှိတာပေါ့” လို့ အထက်ပါ စီးပွားရေး ပညာရှင်က ဆက်ပြောပါတယ်။

လက်ရှိစစ်ကောင်စီ အနေနဲ့ ပြည်တွင်း၊ ပြည်ပလိုငွေလျော့ချဖို့ ပြောဆိုတာထက် မြန်မာ့ငွေဈေး တန် ဖိုး ပြန်လည်မြင့်တက်လာအောင် လုပ်ဆောင်ဖို့လိုသလို သွင်းကုန်ပို့ကုန်လုပ်ငန်းတွေမှာလည်း မလို လားအပ်တဲ့ ထုတ်ပြန်ချက်တွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ လိုအပ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီမိုကရေစီအစိုးရ ပထမသက်တမ်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတာကြောင့် နိုင်ငံစီးပွားရေး တိုးတက်မှုအနေနဲ့ (၈) ရာခိုင်နှုန်းကျော်ရှိခဲ့ကာ နောက်ဆုံးတစ်နှစ်မှာတော့ အနည်းငယ် ကျဆင်းမှုရှိခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းမှာ စီးပွားရေးတိုးတက်မှု အားကောင်းခဲ့ပေမယ့် တတိယနှစ်မှာ စီးပွားရေး ကျဆင်းခဲ့တယ်လို့ စီးပွားရေးပညာရှင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံ့စီးပွားရေး တိုးတက်မှုနှုန်း (၃) ရာခိုင်နှုန်းကျော်သာရှိခဲ့တဲ့အတွက် မိမိတို့လက်ထက်မှာတော့ အနုတ်ဘက်ကို ရောက်ရှိခဲ့ရတာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆင်ခြေပေးခဲ့ပါတယ်။

စီးပွားရေးလုပ် ငန်းရှင်တစ်ဦးကလည်း “အခုကတော့ ပါးတာပေါ့ဗျာ၊ တချို့တွေလည်း အလုပ်ဆက်မလုပ်ကြတဲ့ သူတွေလည်းရှိတာပေါ့။ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာရော၊ အခြားသောလုပ်ငန်းတွေရော။ တချို့စက်ရုံတွေ ရောပေါ့နော်။ ပြီးတော့အခုက နိုင်ငံခြားအထည်ချုပ်အပိုင်းတွေမှာရော ကဏ္ဍတွေ အကုန်လုံးက ကျထားတာ လေ။ ဒီကမ္ဘာလုံးဆိုင်ရာကိစ္စတွေရော၊ မြန်မာနိုင်ငံကိစ္စတွေရော၊ ကိုဗစ်ရိုက်ခတ်မှုတွေရောဆိုတော့လေ။ လက်ရှိ တော့ စီးပွားရေးနိုးဆွမှုတွေအနေနဲ့တော့ ဥပမာမော်တော်ယာဉ်သွင်းတဲ့လုပ်ငန်းတွေပေါ့ နည်းနည်းတက်လာ တယ်” လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ စစ်ကောင်စီ အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးဆက်လက် နှေးကွေးနေမှာ ဖြစ် သလို လာမယ့် စက်တင်ဘာလအထိ GDP တိုးတက်မှုဟာ (၃) ရာခိုင်နှုန်းသာ ရှိနိုင်တယ်လို့ ဇွန်လ (၂၇) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးအခြေအနေဟာ လက်ရှိအချိန် အထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့် တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိ ခိုက်စေနိုင်တယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ဘဏ္ဍာရေးလိုငွေပြမှု မြင့်တက်လာပြီး GDP ရဲ့ (၅.၄) ရာခိုင် နှုန်းအထိ ရောက်ရှိလာနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Most read this week

ဓာတ်ပုံ-MOI
November 6, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေအပေါ်...
မြိတ်ခရိုင်တပ်ရင်း ၁
November 5, 2024
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်...
ဓာတ်ပုံ-KNU
November 4, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့...
November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့...