စစ်ကောင်စီတပ်က အမျိုးသမီးစစ်သည်တွေကို ခပ်စိပ်စိပ်ခေါ်ယူလာ

စစ်ကောင်စီတပ်က အမျိုးသမီးစစ်သည်တွေကို ခပ်စိပ်စိပ်ခေါ်ယူလာ

နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ ကြည်း၊ ရေ၊ လေ လက်ရုံးတပ်နဲ့ ဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဖို့ အခြားအဆင့် အမျိုးသမီးစစ်သည် ခေါ်ယူမှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကလည်း အရာရှိမဟုတ်တဲ့ အခြားအဆင့် အမျိုးသမီးစစ်သည်တွေကို အခုလို ခေါ်ယူမှု တွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် လပိုင်းခြားပြီး ခေါ်ယူမှုတွေ လုပ်ဆောင်လာတာပါ။

စစ်ကောင်စီတပ်မှာ အမျိုးသားစစ်သည်တွေဝင်ရောက်မှု မရှိသလောက် နည်းပါးနေတာကြောင့် အမျိုးသမီးစစ် သည်တွေကို စုဆောင်းမှုလုပ်ဆောင်လာတာဖြစ်တယ်လို့ CDM ဗိုလ်ကြီးကောင်းသူဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အမျိုးသမီးစစ်သည်တွေကို စစ်တပ်ကခေါ်ယူတယ်။ အာဏာမသိမ်းခင် ကိုဗစ် ကာလ ၃-၄ နှစ်လောက်ကထဲက ခေါ်ယူနေတာတွေရှိပါတယ်။ အမျိုးသားစစ်သည်တွေကို တပ်သားသစ်ပဲ ဖြစ် ဖြစ် တပ်ကြပ်ကြီးစာရေးပဲ ဖြစ် ဖြစ်၊ ဗိုလ်လောင်းပဲဖြစ်ဖြစ် သူတို့ခေါ်ယူတယ်။ ဒါပေမယ့် သူတို့ဝင်ရောက်မှု အား နည်းတဲ့အချိန် ဖြစ်လာတဲ့ အတွက် သူတို့အနေနဲ့ဒါ စစ်သမီးစစ်သည်တွေဘက်ကို လှည့်ပြီးခေါ်ယူနေတာ ရှိပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးချိန်ကစပြီး အမျိုးသမီးစစ်သည်တွေကို ၄ ကြိမ်အထိ ခေါ်ယူထားတာဖြစ် ပြီး အခုနှစ်ခြောက်လအတွင်းမှာပဲ ၂ ကြိမ် ခေါ်ယူထားပါတယ်။

CDM ဗိုလ်ကြီးကောင်းသူဝင်းက “အမျိုးသမီးစစ်သည်တွေ အနေနဲ့ကတော့ ဒီခြေလျင်ခြေမြန်တပ်ရင်းတွေလို တိုက်ခိုက်ရေး၊ လုံခြုံရေး ဆောင်ရွက်ရခြင်း သိပ်မရှိပဲနဲ့ သူတို့တွေရဲ့ တပ်တွင်းနဲ့ဆိုင်တဲ့အကူ လက်ရုံးဆိုင်ရာ တွေ၊ နောက်တန်းဌာနချုပ်တွေမှာပဲ လုပ်ရတဲ့ ဟာတွေကို လုပ်တဲ့အတွက် အမျိုးသမီးစစ်သည် အချို့ဝင်ရောက် နေခြင်း ရှိသေးတယ်လို့တော့ ကျွန်တော်မြင်ပါတယ်” လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီ ခေါ်ယူနေတဲ့ အမျိုးသမီးစစ်သည်တွေမှာ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမှာဖြစ်သလို အသက်(၂၅) နှစ်ထက်မကြီးရလို့ပါရှိပြီး ပညာအရည်အချင်း (၈) တန်းအောင် အဆင့်ရှိရမယ်လို့ ဇွန် ၂၇ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။

အမျိုးသမီးစစ်သည်တွေ အနေနဲ့ သင်တန်း(၄) လ တက်ရောက်ပြီး သက်မှတ်ချက်နဲ့ ကိုက်ညီသူတွေကို ဆန္ဒပြု ထားတဲ့ လက်ရုံးတပ် ဒါမှမဟုတ် ဝန်ထမ်းတပ်တခုခုမှာ တာဝန်ထမ်းဆောင်ရမယ်လို့ အသိ ပေးထားပါတယ်။ တပ်တွင်း နီးစပ်သူတစ်ဦးကတော့ အခုခေါ်ယူနေတဲ့ အမျိုးသမီးစစ်သည်တွေကို စစ်ကောင်စီက လက်နက် စက် ရုံတွေမှာ တာဝန်ပေးနိုင်တယ်လို့ သုံးသပ်တာပါ။

“အခုဆိုရင် ကျော်စွာဘိလပ်မြေစက်ရုံကို သူတို့တွေအရေးပေါ်  ပြင်ဆင်မှုတွေ လုပ်နေတယ်။ ဘိလပ် မြေစက်ရုံ ကို ဘာကြောင့် ပြင်ဆင်နေလဲဆိုရင် ဘိလပ်မြေထုတ်ဖို့တော့ မဟုတ်ဘူး။ အဲဒီမှာ ဒီဖောက်ခွဲရေးကိစ္စတွေမှာ သုံး တဲ့ အမိုနီးယမ်နိုက်ထရိတ်လိုဟာမျိုးတွေ ထုတ်လုပ်ဖို့လို့ ကျွန်တော်တို့လည်း ကြားနေတယ်ပေါ့နော်။ အဲဒီတော့ ဒီစစ်သမီးတွေခေါ်တဲ့ အခါမှာ ထုတ်လုပ်ရေးပိုင်းတွေမှာ အသုံးပြုလိမ့်မယ်။ စစ်လက်နက် လိုအပ်ချက်တွေ အတွက် စက်ရုံတွေမှာ သူတို့ကိုသုံးနိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အမျိုးသမီးစစ်သည်တွေကို အရင်ကဆေးတပ်မှာ အများဆုံးတာဝန်ပေးခဲ့ပေမယ့် နောက် ပိုင်းမှာ အမျိုးသမီးလေသူရဲ အရာရှိတွေအထိ တာဝန်ပေးတာတွေရှိလာပြီး စစ်မြေပြင် ရှေ့တန်းနေရာတွေကို တော့ တာဝန်ပေးတာမရှိသေးဘူးလို့ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းကထံမှ သိရပါတယ်။

စစ်ကောင်စီတပ်မှာတော့ အမျိုးသမီးအရာရှိနဲ့ အခြားအဆင့် စုစုပေါင်း ၃၀၀၀ ကျော်ရှိနေတယ်လို့ ၂၀၂၁ ခုနှစ်က စစ်တပ်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၇) ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ပွဲမှာလည်း အမျိုးသမီးစစ်သည်တွေကို အမျိုးသားတွေထက် ပိုမိုအသုံးပြုလာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။

နိုင်ငံတကာ စစ်တမ်းတွေအရ စစ်ကောင်တပ်မှာ အာဏာမသိမ်းခင် တာဝန်ထမ်းဆောင်နေသူ အင်အား (၄) သိန်း ကျော်ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အင်အား (၂) သိန်းကျော်သာ ကျန်ရှိတော့တယ်လို့ ဖော်ပြတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ-MOI

ဓာတ်ပုံ-MOI
November 6, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေအပေါ်...
မြိတ်ခရိုင်တပ်ရင်း ၁
November 5, 2024
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်...
ဓာတ်ပုံ-KNU
November 4, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်နဲ့ ဒူးပလာယာခရိုင်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ရဲ့...
November 1, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်တချို့...