ရိုက်နှက် သတ်ဖြတ်ခံလိုက်ရတဲ့ မန်ပိန်း ဒေသခံအမျိုးသားအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မည်

ရိုက်နှက် သတ်ဖြတ်ခံလိုက်ရတဲ့ မန်ပိန်း ဒေသခံအမျိုးသားအတွက် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မည်
သတ်ဖြတ်ခံရတဲ့ မန်ပိန်းဒေသခံ အမျိုးသား
သတ်ဖြတ်ခံရတဲ့ မန်ပိန်းဒေသခံ အမျိုးသား

ရှမ်းမြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပိန်းကျေးရွာက ဒေသခံအမျိုးသားတစ်ယောက်ကို ကိုးကန့် MNDAA တပ်ဖွဲ့ ဝင်များက ရိုက်နှက်သတ်ဖြတ်လိုက်သည့် အပေါ် တာဝန်ယူဖြေရှင်းပေးရန် မိသားစုဝင်များနှင့် ဒေသခံများက ပူးပေါင်းပြီး တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ပြောသည်။

သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသားမှာ အသက် ၃၈ နှစ်အရွယ် ဦးတူးလွမ်ဆိုသူဖြစ်ပြီး မန်ပိန်းကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ဇွန်လ ၆ ရက်နေ့က MNDAA တပ်ဖွဲ့ဝင်များ ကားစက်လာပြင်ပေးဖို့ ခေါ်ဆောင်သွားရာမှ သတ်ဖြတ် ခံလိုက်ရခြင်း ဖြစ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက KNG သတင်းဌာနကို ပြောသည်။

မိသားစုဝင်များနှင့် နီးစပ်သူ မန်ပိန်းဒေသခံတစ်ဦးက “လာခေါ်တုန်းကတော့ စက်ပြင်ပေးရန်ဆိုပြီး ကိုးကန့် တပ် ဖွဲ့ဘက်က လာခေါ်သွားတာဟုတ်တယ်။ ဒါပေမဲ့ ပြန် အကြောင်းကြားခဲ့တာက ခင်ဗျားတို့ လူသေဆုံးသွားပြီ။ မူး ယစ်ဆေးဖြတ်တာ မခံနိုင်လို့ သေသွားပြီတဲ့။ ဒါပေမဲ့ ကျနော်တို့ မယုံလို့ အလောင်းကိုယ်ကို ကောင်းကောင်းဖွင့် ကြည့်ပြီး စစ်ဆေးတော့မှ ကိုယ်ပေါ်နဲ့ ခါးတွေ၊ တင် တွေ ပေါင်တွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာနဲ့ အရာတွေ ကြီးပဲ။ ဒါတောင်ရွာထဲ ရောက်လာမှ ကြည့်ရတာ။ အလောင်းကို သွားယူတဲ့အချိန် ကိုးကန့်ဘက်က မစစ်ဆေးဖို့ ဘာမှမပေးဖို့ ခြိမ်းခြောက်ပြောခဲ့သေးတာ” ဟု ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၆ ရက်အကြာတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးသွားခြင်း ဖြစ် ကြောင်း ကိုးကန့်တပ်ဘက်က လာရောက်အကြောင်းကြားခဲ့ပြီး သေဆုံးမှုအတွက် မိသားစုဝင်များကို ငွေကျပ် ၃၅ သိန်းပေးအပ်သွားသည်ဟု ဆိုသည်။

လက်ရှိ မိသားစုဝင်များနှင့် ဒေသခံများက အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်အောင် ဖြေရှင်းချက် ပေးရန် ဝိုင်းဝန်းတောင်းဆိုမှုများကို ပြုလုပ်သွားမည်ဟု ပြောသည်။

ဒေသခံတစ်ဦးက “ကျနော်တို့ ရိုးရာလူကြီးတွေနဲ့ ဖြစ်ဖြစ် သက်ဆိုင်ရာ ဒေသတာဝန်ရှိသူတွေနဲ့ ဖြစ်ဖြစ် ဒီပြဿ နာကို ဝိုင်းဝန်းဖြေရှင်းကြဖို့၊ အမှန်တရားပေါ်ပေါက်ဖို့၊ သူတို့ဘက်က ဖြေရှင်းချက်ပေးနိုင်ရန်၊ အခု ရွာသား တွေ၊ မိသားစုဝင်တွေပဲ တောင်းဆိုတာ မေးမြန်းတာလုပ်ရင် ကိုးကန့်ဘက်မှ ဘာမှအလေးမထားသလို အတင်း အကြပ် မေးမြန်းရင်တောင် မေးတဲ့သူတွေကို ပြန်ပြီး ဖမ်းဆီးရိုက်နှက်လာမယ့် အခြေအနေ ဖြစ်နေတယ်။ ဒါကြောင့် ဒေသသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားဖို့ရှိတယ်” ဟု ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုနှင့် စစ်ဆေးမေးမြန်းမှု များ လုပ်ဆောင်နေသည့်အတွက် ယခုကဲ့သို့သော ဖြစ်စဉ်နည်းတူ အပြစ်မဲ့ပြည်သူ လက်လွန် သေဆုံးမှုများ မကြာခဏ ကြုံတွေ့နေကြရသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ဒေသအတွင်းရှိ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အမည်ခံကာ ပြည်သူလူထုကို ခြိမ်းခြောက ်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် မည်သည့်တော်လှန်ရေးအဖွဲ့ကို မဆို ဘယ်တော်လှန်တပ်ဖွဲ့တွေကိုမဆို အလိုမရှိဘူးဟု ဒေသခံများက ပြောသည်။

“အခုဒီဟာတွေက လူထုအမြင် သူတို့ သတင်းမျက်နှာစာတွေမှာတော့ ပြည်သူကို ကာကွယ်ဖို့ဆိုပြီး အမြင်တွေ ဖမ်းနေပြီး။ အမှန်တကယ် လက်တွေ့ ဒီကဒေသခံ ပြည်သူတွေအတွက်တော့ လုံခြုံမှု လုံး၀မပေးနိုင်သလို သူတို့ ကို ပြောင်းပြန် ပြန်ကြောက်ရမလို၊ ပြီးတော့ သူတို့က လက်နက်ကိုင်နေသူတွေ ဖြစ်ပြီး လူကြီးလူကောင်း မဆန်စွာ လုပ်ကြတယ်။ ပြည်သူလူထုကို ကာကွယ်လိုတဲ့ စိတ်ဓာတ် လက်တွေ့ အတွင်းစိတ်မှာ မရှိဘူးဆိုတာ မြင်နေရတယ်။ ဒီလိုမျိုးလုပ်ရပ်တွေ မရှိသင့်ဘူး၊ လက်နက်ကိုင်နေသူတွေ အောက်မှ ကျနော်တို့ ပြည်သူတွေပဲ ပြားပြား ဝပ်ဝပ်ပြီး နေနေရသလိုဖြစ်နေပြီ” ဟု ကွတ်ခိုင်ဒေသခံတစ်ဦး က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း ဇွပ်အောင်စစ်ရှောင် အမျိုးသား ၂ ဦးကို ကိုးကန့် MNDAA တပ်ဖွဲ့ဝင်များက မတရားဖမ်းဆီး ရိုက်နှက်ခြင်းများ လုပ်ကာ ပြန်လည်လွတ်ပေးခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

ကိုးကန့် MNDAA တပ်ဖွဲ့သည် ၂၀၂၁ နှစ်ဆန်းပိုင်းမှ စတင်၍ ဇွပ်အောင် စစ်ရှောင်စခန်းအနီးတွင် လာရောက် တပ် စွဲနေထိုင်ထားပြီး ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို စစ်ဆေးမေးမြန်းကာ ဖမ်းဆီးရိုက်နှက်မှုများ လုပ် ဆောင်နေသည့်အတွက် ဒေသခံ ပြည်သူများက လုံခြုံရေးကင်းမဲ့နေသည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ရှောင်များရှိနေသည့် နေရာအနီးတဝိုက်တွင် တပ်စွဲနေထိုင်ခြင်းများ မလုပ်ကြရန် ပြည်သူများက တောင်းဆိုမှုများ အကြိမ်ကြိမ် လုပ်ခဲ့သော်လည်း ကိုးကန့်တပ် MNDAA  ဘက် လက်မခံဘဲ ယနေ့အချိန်ထိ တပ်စွဲ နေထိုင်နေတုန်းဖြစ်သည်။

Most read this week

November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...