Published
Friday, June 23, 2023
ချင်းပြည်နယ်တောင်ပိုင်းက တစ်ပတ်ကျော်ကြာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံး
- ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တစ်ပတ်ကျော်ကြာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံးခဲ့ပါတယ်။
- မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့မီးရှို့မှုကြောင့် လူနေအိမ်အဆောက်အအုံ ၇၀,၀၀၀ ကျော်ပျက်စီးခဲ့ပြီး ချင်းပြည်နယ်ဟာ တစ်နိုင်ငံလုံးမှာ ပျက်စီးဆုံးရှုံးမှု တတိယအများဆုံးပြည်နယ်ဖြစ်တယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။
- ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)တရားရေးဌာနက ဖလမ်းမြို့နယ်မှာ ပြစ်မှုကျူးလွန်သူ ၁၁ ဦးကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေနဲ့အညီ တရားစီရင်ပြီး ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ပါတယ်။