စစ်ပွဲကြောင့် ရွှေလီအမှတ်၂ ရေကာတာ တည်ဆောက် ခြင်း ယာယီရပ်ဆိုင်း

စစ်ပွဲကြောင့် ရွှေလီအမှတ်၂ ရေကာတာ တည်ဆောက် ခြင်း ယာယီရပ်ဆိုင်း
by -
ကချင်သတင်းဌာန

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက် ရေး တပ်ဖွဲ့ (KIA) တိုက်ပွဲများကြောင့် ရွှေလီရေအား လျှပ်စစ်စီမံကိန်း တစ်ခု လုပ်ငန်း ရပ်တံ့ထား ရသည်ဟု ယနေ့ထုတ် တအာင်း (ပလောင်) ကျောင်းသားနှင့် လူငယ်များအစည်းအရုံး ၏ “ထိန်းချုပ်မှုအောက်ကရွှေလီ” အစီရင်ခံစာတွင် ဖော်ပြသည်။

palang.still004

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနှင့် မန်တုန်မြို့နယ်ကြား အမှတ် ၂ ရွှေလီရေအားလျှပ်စစ်စီမံကိန်းမှ တရုတ် နိုင်ငံပိုင် ဟွာနင်းလန်ကန်း(Huaneng Lancang River Hydorpower Co.Ltd)ကုမ္ပဏီ တရုတ်အလုပ်သမား များ ထိုတိုက်ပွဲကြောင့် နေရပ်ပြန်သွားကြသည့်အတွက် စီမံကိန်းရပ်တံ့နေသည်ဟု ဆိုသည်။

မြန်မာအစိုးရတပ် ခမရ (၁၄၄)၊ အေးရှားဝေါကုမ္ပဏီ၊ ဟွာနင်းတရုတ်ကုမ္ပဏီတို့မှ ဒေသခံ (တအာင်း၊ ရှမ်းနှင့် ကချင်) မိသားစု တစ်ရာခန့်၏ မြေဧက ၂၅၀ ကျော် သိမ်းပိုက်ထားကာ ဆည်စီမံကိန်းကို အကောင်အထည် ဖော်နေခြင်းလည်းဖြစ်သည်ဟု သိရသည်။

တဆက်တည်းတွင် အမှတ် (၃) ရွှေလီရေအားလျှပ်စစ်ကိုလည်း ဆွစ်ဇီလန်နိုင်ငံမှ ကိုလန်ကိုစွမ်းအင်ကုမ္ပဏီ (Colenco Power Engineering)နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနသို့ပူးတွဲကာ ၁၀၅၀ မဂ္ဂါ၀ပ် ထွက်ရှိမည့် လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းစီမံကိန်းများကြောင့် ဒေသခံပြည်သူ ၃၀၀၀ နေရပ် ပြောင်းရွှေ့ရခြင်းနှင့် လက်ဖက်စိုက်ခင်း၊ လယ်ကွင်း နှင့် သစ်တော စုစုပေါင်း ဧက ၃၀၀၀၀ ကျော် ရေဝပ်ဧရိယာဖြစ်သွားနိုင်သည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်အစိုးရသည် ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်နေမှုအား ၎င်း၏အစိုးရ သက်တမ်းတွင် ဆိုင်းငံ့ထားသော်လည်း ဧရာဝတီမြစ်၏ မြစ်လက်တက်များ၌ ဆည်ကြီး ၁၁ ခုကို တည် ဆောက်နေဆဲဖြစ်သည် ဟု “ထိန်းချုပ်မှုအောက်ကရွှေလီ” တွင် ထည့်သွင်းဖော်ပြထားသည်။

Most read this week