မြန်မာအစိုးရက ဓါတုလက်နက် စနစ် နှစ်မျိုးဖြင့် KIA အား တိုက်

မြန်မာအစိုးရက ဓါတုလက်နက် စနစ် နှစ်မျိုးဖြင့် KIA အား တိုက်
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်းတွင်ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA နှင့်ဖြစ်ပွားနေသော တိုက်ပွဲများ တွင် မြန်မာအစိုးရတပ်က ဓါတုလက်နက် စနစ် နှစ်မျိုး ကို အသုံးပြုနေသည်ဟု မျက်မြင် များပြောသည်။

လူကို အဆိပ်သင့်စေသော ဓါတ်ငွေ့များပါ၀င်သည့် လက်နက်စနစ် နှစ်မျိုးကို မြန်မာအစိုးရက မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ်၊ ဖကောန် (Hpakawn) ဒေသမှ တိုက်ပွဲများတွင် KIA ကိုတိုက်ခိုက်ရာ၌ အသုံးပြုနေခြင်းဖြစ်သည်ဟု ဆိုသည်။
chemical-weapon
အမျိုးအမည်မသိသေးသည့် ထိုဓါတုလက်နက်များကို နိုဝင်ဘာလ ဒုတိယအပတ်တွင် ဖကောန်ကျေးရွာသို့ ထိုးစစ်ဆင်ရာ၌ မြန်မာအစိုုးရက အသုံးပြုနေခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ဓါတုလက်နက်ပါ၀င်သည့် လက်နက်ကြီးကျည်သည် သာမန် လက်နက်ကြီးကျည်ထက် ပေါက်ကွဲသံ ပိုကျယ်လောင်ကာ ပထမ အမျိုးအစားသည် လေထု အတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ဒုတိယ အမျိုးအစားသည် မြေကြီးပေါ်ကျမှသာ ပေါက်ကွဲသည်ဟု ဆိုသည်။
chemical-weapon-kachin1
ပေါက်ကွဲပြီးနောက် အမည်းရောင်နှင့် မီးခိုးရောင် နှစ်မျိုး ထွက်ပေါ်လာသည်ဟု မျက်မြင်များပြောသည်။ 

ထိုမီးခိုးငွေ့များကို ရှူရှိုက်မိသူများ အဆိပ်သင့်ကာသတိလစ်ခြင်း၊ အမြင်အာရုံဝေဝါးသွားခြင်း၊ အော့အန်ခြင်းနှင့် နုံးချိချိနဲ့သွားခြင်းများ ဖြစ်ပေါ်စေသည်ဟု ဒေသခံများပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင် နေသည်ဟု နိုင်ငံတကာကို ပြောဆိုနေချိန် KIA အား တပ်ရင်း ၁၀၀ ကျော်မှ စစ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေပါသည်။

Most read this week