သနပ်ခါးရောင်မိုးကြောင့် ဟင်းသီးဟင်းရွက် စားသုံးခြင်း KIO ပိတ်

သနပ်ခါးရောင်မိုးကြောင့် ဟင်းသီးဟင်းရွက် စားသုံးခြင်း KIO ပိတ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်အရှေ့တောင်ပိုင်း တရုတ်နယ်စပ် KIO မိုင်ဂျာယန်မြို့တွင် ၄ ရက်မြောက် နေရာ ကွက်ကျား ရွာချနေသည့် သနပ်ခါးရောင်မိုး ကြောင့် ဟင်းသီးဟင်းရွက် စားသုံးခြင်း မပြုတော့ ကြောင်း  ဒေသခံ များ ပြောသည်။

maijayang

“ဟင်းသီးဟင်းရွက်ပေါ်လည်း ကျတော့ သက်ဆိုင်ရာက(KIO)ဟင်းသီးဟင်းရွက် မစားခိုင်းဘူး။  ခု ဟင်းသီး ဟင်းရွက်က စားလို့မရတော့ အစာခြောက်လို့ပြောရမယ့် ကုန်ခြောက်တွေ ကြက်ဥ၊ ပဲ၊ ငါးခြောက်၊ အသားခြောက်၊ ဆီတော်ဖူး၊ ပဲပုတ်ခြောက်၊ စွန်ထန် စတာတွေစားနေတယ်။” ဟု ဒေသခံတစ်ဦးပြော သည်။

ထို့အပြင် မိုင်ဂျာယန်မြို့မှ ၅ မိုင်အကွာရှိ ရေသွယ်ယူသည့်ချောင်း၏ အရင်းပိုင်းတွင်လည်း ထိုမိုးရွာချသဖြင့် ရေသွယ်ပေါက်အား ယမန်နေ့ညက ပိတ်လိုက်ပြီး ယခုအခါ လှောင်ကန်ထဲရှိနေသည့်ရေကို မြို့အတွက် အသုံးပြုနေရသည်ဟု ဆိုသည်။

“နှစ်ခု(ရေလှောင်ကန်)ရှိတဲ့ထဲ ပိုသုံးတဲ့ ရေလှောင်ကန်ငယ်ကိုလည်း ပိတ်လိုက်ပြီ။ သူ့ထဲသွယ်ယူတဲ့ ချောင်းရဲ့ အရင်းပိုင်းလည်း (သနပ်ခါးရောင်မိုး)ကျတဲ့အတွက် ပိတ်လိုက်ပြီ။ အကြီးလည်း ပိတ်လိုက်ပြီ။ နှစ်ခုလုံး။ ခု မိုင်ဂျာယန်တစ်ခုလုံး ရေလှောင်ကန်ကြီးထဲ ရှိနေတဲ့ရေကို သုံးနေရတယ်။ အဲဒါကုန်သွားလို့ရှိရင်တော့ ရေ အခက်အခဲဖြစ်ပြီ။”

nov21-yellowrain
ယမန်နေ့က သနပ်ခါးရောင်မိုးသည် တနေရာနှင့် တနေရာ ၁ မိုင်အကွာခန့်ဖြင့် နေရာကွက်ကျား နေရာအနှံ့ ရွာချသည့်အပြင် မိုင်ဂျာယန်မှ ၁၀ မိုင်အကွာ ကောင်ရာဇွပ်ကျေးရွာဘက်အထိ ရွာချသည်။ သို့သော်လည်း ယနေ့ နံနက်ရွာချမှုမှာ အတော်အတန်လျော့နည်းသွားသည်ဟု ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။

ယခုချိန်ထိ သနပ်ခါးမိုးကြောင့် လူသားများထံ မည့်ကဲ့သို့သောသက်ရောက်မှုရှိနိုင်သည်ကို မသိသေး သည့်ပြင် ယင်းကြောင့် လူများတွင် ထူူးခြားလက္ခဏာများတွေ့ရခြင်းလည်း မရှိသေးကြောင်း ဆိုသည်။

အခြားတစ်ဖက်တွင်လည်း မိုင်ဂျာယန်ထဲသို့ စစ်ပြေးဒုက္ခသည် ၆၀၀ ကျော် ယမန်နေ့က ထပ်မံ ရောက်ရှိ လာကာ အစားအစာ၊ ဆေးဝါး နှင့် လူအား ငွေအား အကူအညီများ အထူးလိုအပ်လျက်ရှိသည်ဟု ဒုက္ခသည် ကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် WPN (Wunpawng Ninghtoi) မှ ဆရာဘရန်မိုင် ပြောသည်။

Most read this week