ကချင်ဒုက္ခသည်သစ် ထောင်ဂဏန်း တရုတ်နယ်စပ်သို့ ထွက်ပြေး

ကချင်ဒုက္ခသည်သစ် ထောင်ဂဏန်း တရုတ်နယ်စပ်သို့ ထွက်ပြေး
by -
ကချင်သတင်းဌာန

အအေးလွန်ကဲနေသည့် မြန်မာပြည်မြောက် ပိုင်း ဆောင်းရာသီတွင် ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်အနီးသို့ ကချင်ဒုက္ခသည် သစ်ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးရောက် ရှိနေ ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ် ဇိုင်းအောင် (Zai Awng)၊ နယ်စပ်မှတ်တိုင် ၆၊ ရ နှင့် ၁၀ စသည့် ၄ နေရာရှိ ယာယီစခန်းများ၌ နိုဝင်ဘာ ဒုတိယအပတ်ကတည်းက စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော် ရောက်ရှိနေပြီဟု KIO ဗဟိုဌာနချုပ် လိုင်ဇာ မှ KIO ဒုက္ခသည်ကယ်ဆယ််ရေးကော်မတီဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။

ဒုုက္ခသည်များသည် မြစ်ကြီးနား-ဆမ်ပိုင်-ဆမား လမ်းကြောင်း ဇို်င်းအောင်စခန်းတွင် ၂၀၀၀ ကျော်၊ မြစ်ကြီးနား-ကန်ပိုင်တီလမ်းကြောင်း နယ်ခြားမှတ်တိုင်(၈)တွင် ၁၀၀၀ ကျော်၊ မှတ်တိုင် ၆ နှင့် ၁၀ တို့တွင် ရာချီရောက်ရှိနေကြသည်ဟု သူက ပြောသည်။

ဒုက္ခသည်အများစုမှာ ၀ိုင်းမော်မြို့နယ် ဆဒုံမြို့နယ်ခွဲမှဖြစ်ကာ မြန်မာအစိုးရက ဖမ်းဆီးနှိပ်စက်မည်ကို ကြောက်ရွံ့သည့်အတွက် ထွက်ပြေးလာခြင်းဖြစ်သည်ဟု မှတ်တိုင် ၈ စခန်းတွင်ရောက်ရှိနေသူ ဆလန်တူး ပြောသည်။

စစ်ပြေးဒုက္ခသည်အများစုမှာ ကလေးနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်ဟု သူက ဆက်ပြောသည်။
nov21-kanbaiti-myen
နယ်စပ်ယာယီစခန်း ၄ ခုမှ ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် KIO ဒုက္ခသည်ကော်မတီ၊ ခရစ်ယာန် အဖွဲ့အစည်းများ၊ တရုတ်ယူနန်ပြည်နယ်ထဲမှ ဒုက္ခသည်များ၏ အသိမိတ်ဆွေများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက အကူအညီပေးနေကြသည်ဟု ဒုက္ခသည် ကူညီနေသူများ ဆိုသည်။

အချို့ရက်များတွင် ၁ ပေကျော်အောင် နှင်းကျသဖြင့် ခြုံစရာစောင်နှင့် အဝတ်အစားများ အထူးလိုအပ်လျက် ရှိသည်ဟု လဆန်ကဘာ ဒွဲပီဆာပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက နိုဝင်ဘာလ ဒုတိယအပတ်စ၍ မကွေးအခြေစိုက် တပ်မ (၈၈)အား ကချင်ပြည် နယ်သို့ စေလွှတ်ပြီး တရုတ်နယ်စပ်နှင့်ဆက်သွယ်သည့် အဓိက ကန်ပိုင်တီလမ်းနှင့် ဆမ်ပိုင်-ဆမားလမ်းမှ KIA တပ်စခန်းများကို ရှင်းစေခဲ့သည်။

ကန်ပိုင်တီလမ်းပေါ်မှ KIA ၏ အရေးပါသည့် ၀ါးရှောင်စစ်စခန်းအနီးရှိ ဘွမ်တောင်စစ်စခန်းနင့် ဆဒုံးအထက်မှ လဖိုင်စစ်ခန်းတို့အား မြန်မာအစိုးရတပ်က ၃ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ သို့သော် တိုုက်ပွဲများ ဆက်ဖြစ်နေဆဲ ဖြစ်သည်။

အစိုးရ တပ်မ၏ ထိုးစစ်ကြောင့် ဆဒုံးဒေသတွင်း KIO ထိန်းချုုပ်ဒေသမှ ကျေးရွာ အနည်းဆုံး ၁၁ ခုမှ ပြည်သူ များ တရုတ်နယ်စပ် ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခြင်းဖြစ်သည်။

ဆက်လက်ပြီး တိုက်ပွဲရပ်တန့်မည့်အရိပ်အယောင် မရှိသေးသဖြင့်လည်း ဒုက္ခသည်များ နေ့စဉ် ရောက်ရှိ လာကြဆဲ ဖြစ်သည်ဟု ဆလန်ကဘာ ဒွဲပီဆာ ဆိုသည်။

တချိန်ထဲမှာ တရုတ်နယ်ခြားစောင့်တပ်များကလည်း ကချင်ဒုက္ခသည်များ ၎င်းတို့နိုင်ငံထဲ သို့ မဝင်ရောက် နိုင်ရန် နယ်စပ်အဝင်ပေါက်များကို စောင့်ကြပ်နေကြောင်း ဒုက္ခသည်များ ဆိုပါသည်။

Most read this week