ငြိမ်းချမ်းရေးကိစ္စ KIO ကို တိုက် တွန်းရန်ကချင်စာပေ နှင့် ယဉ်ကျေးမှုအသင်း ငြင်း

ငြိမ်းချမ်းရေးကိစ္စ KIO ကို တိုက် တွန်းရန်ကချင်စာပေ နှင့် ယဉ်ကျေးမှုအသင်း ငြင်း
by -
ကချင်သတင်းဌာန

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှန်းမှု ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) လက်ခံရန် ကြားဝင် တိုက်တွန်း ပေးခြင်းအား ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်း (JLH) မှ ငြင်း ဆန်ခဲ့ကြောင်းသိရသည်။

masat-4

ရှမ်းပြည်မြောက်ပိုင်းမှ KIA တပ်မဟာ ၄ အမြန်ဆုံးငြိမ်းချမ်းရေးယူရန်အတွက် မြန်မာအစိုးရအာဏာပိုင် များက JLH (Jinghpaw Laili Laika hအe Htunghking Hpung)ကို ကြားဝင်တိုက်တွန်းစေသည်ဟု သိရသည်။

သို့သော် JLH က အောက်တိုဘာ ၂၇ ရက်တွင် အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပ ဆုံးဖြတ်အပြီး တာဝန်မယူနိုင်ကြောင်း သက်ဆိုင်ရာ မြန်မာအစိုးရအာဏာပိုင်များထံ ပြန်လည်ကြောင်းကြားခဲ့သည်ဟု ပါ၀င်သူ ယဉ်ကျေးမှုကော်မတီဝင်တဦး ပြောသည်။

၎င်းက “မြန်မာအစိုးရက ပြောတဲ့ ငြိမ်းချမ်းရေးက ကျနော်တို့အမျိုးသားများအတွက် ဘာအခွင့်အရေးမှ မရှိဘူး။ သူတို့ဖြစ်စေချင်တာက KIA တပ်မဟာ ၄ ကို အရင် KDA (Kachin Defense Army) လို ပြည်သူ့စစ်အသွင် အမြန်ပြောင်း၊ တရားဥပဒေဘောင်အတွင်း အမြန်ဝင်ဆိုတာပဲဖြစ်တယ်။ ဒါကြောင့် ကျနော်တို့လည်း ကြားဝင် ဆွေးနွေးပေးဖို့တာဝန် မယူရဲဘူး ဖြစ်နေတယ်။” ဟု ကချင်သတင်းဌာနသို့ ရှင်းပြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်မှစတင်ကာ မြန်မာအစိုးရတပ်က တပ်မဟာ ၄ ဒေသကို အပြင်းအထန် ထိုးစစ်ဆင်လာပြီးနောက် တပ်မဟာ ၄ ဌာနချုပ် လွယ်ကန်ကို သိမ်းပိုက်ထားသည်။

Most read this week