မြန်မာအစိုးရတပ်စခန်းတွင် ကချင်အမျိုးသမီး တစ်ဦးအား လိင်ကျွန်အဖြစ် စေခိုင်း

မြန်မာအစိုးရတပ်စခန်းတွင် ကချင်အမျိုးသမီး တစ်ဦးအား လိင်ကျွန်အဖြစ် စေခိုင်း
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ တရုတ်နယ်စပ်အနီး ခိုင်ဘန်ရွာမှ ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျား အား မြန်မာအစိုးရစစ်သားများ ၎င်းတို့၏တပ်စခန်း တွင် ဖမ်းဆီးထားကာ လိင်ကျွန်အဖြစ် စေခိုင်းနေ ကြောင်း ဆွေမျိုးများပြောသည်။

roijaအောက်တိုဘာ ၂၈ ရက်တွင် လွယ်ဂျေ မြို့နယ်ခွဲ မို့ဘွမ်(Mu Bum) တွင် လက်ရှိတပ်ချနေသောရွှေညောင် ပင် (၀ိုင်းမော်)နယ်မြေခံ ခမရ (၃၂၁)မှ စစ်သားများက ဆွမ်လွတ်ရွယ်ဂျား(Sumlut Roi Ja) အားသေနတ် နှင့်ခြိမ်းခြောက် ခေါ်ဆောင်သွားသည်ဟု မိသားစုများဆိုသည်။

ဆွမ်လွတ်ရွယ်ဂျား သည် အသက် ၂၈ နှစ်ရှိပြီး အသက် ၁၄ လ အရွယ် နို့စို့သမီးတစ်ဦး၏ အမေလည်း ဖြစ်သည်။

သူမသည် ခင်ပွန်းသည်နှင့် ယောက္ခ်ထီး တို့နှင့်အတူ မို့ဘွမ်တောင်ခြေရှိ ပြောင်းဖူးခင်း၌ ပြောင်းဖူးခြွေနေ ချိန် အစိုးရစစ်သား(၃) ဦး ရုတ်တရက်ရောက်လာပြီး ၎င်းတို့အား သေနတ် ဖြင့်ချိန်ရွယ်ကာ တောင်ထိပ် တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုများဆိုသည်။

ယင်သို့ ခေါ်ဆောင်သွားစဉ် လမ်းခုလတ်တွင် သူမ ခင်ပွန်းသည်နှင့် ယောက်္ခထီးနှစ်ဦးက စစ်သားတွေရှေ့ မှာ တင် မျက်စိစုံမှိတ်ကာ ထွက်ပြေးရာ စစ်သားများ သေနတ်ဖြင့် ၂ ကြိမ်် လိုက်ပစ်ခဲ့ သော်လည်းထိမှန် ခြင်း မရှိ လွတ်မြောက်လာခဲ့သည်ဟု ၎င်းတို့မှပြောသည်။

သို့သော် ရွယ်ဂျားက မထွက်ပြေးနိုင်ခဲ့ပါ။

သူမနှင့်အတူ အစိုးရစစ်သားများ မို့ဘွမ်စခန်းသို့ဝင်ရောက်လာသည်ကို ၎င်းပတ်ဝန်းကျင်ရှိ KIA ရှေ့တန်း စခန်းမှ တပ်သားများ မြင်တွေ့လိုက်ခဲ့ကြောင်း မြင်တွေ့ရသူများ ပြောသည်။

သူမအား တပ်စခန်းအနီးရှိ ကျောက်ပြားပေါ်တွင် ကို်ယ်လုံးတီးနှင့် စစ်သားများ အုပ်စုလိုက်အဓ္ဓပြုကျင့် ထားသည်ကိုမြင်ရသည်ဟု အဝေးမှ မှန်ဘီလူးဖြင့်စောင့်ကြည့်သူများ ဆိုသည်။

ယခု နိုဝင်ဘာ ၄ ရက်နေ့အထိ ရွယ်ဂျား အား မလွတ်ပေးသေးကြောင်း မိသားစုများပြောပါသည်။

ယင်းတပ်စခန်းမှာပဲ အခြားအမျိုးသမီး(၃)ဦးကိုလည်း အစောပိုင်းကတည်းက ဖမ်းဆီး ခေါ်ဆောင်ထားပြီး
စစ်တပ်သားများ၏ လိင်ကျွန်အပြင် အဝတ်အစားလျှော်၊ ထမင်းချက်နှင့် ရေခတ်ခြင်း စသည့်ကိစ္စများတွင် အဓ္ဓ စေခိုင်းနေကြောင်း ထိုစခန်းမှထွက်ပြေးလွတ်မြောက်လာသော ပေါ်တာ ၃ ဦးကဆိုသည်။

Most read this week