ဧရာဝတီမြစ်ဆုံတွင် ရွှေကျင်သူ ၆ ဦး ဖမ်းဆီးငွေဒဏ် တပ် ခံ ရ

ဧရာဝတီမြစ်ဆုံတွင် ရွှေကျင်သူ ၆ ဦး ဖမ်းဆီးငွေဒဏ် တပ် ခံ ရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံ တန်ဖရဲတွင် အစိုး ရ ရွှေလုပ်ကွက် စွန့်ပစ်မြေစာပုံပေါ် ရွှေကျင် သူ ကချင်အမျိုးသား ၆ ဦး ဖမ်းဆီးခံရကာ ကျပ် တစ််သိန်းခွဲ စီ ဒဏ်ငွေချမှတ်ခံရ သည့် အတွက် ရွေးထုတ်ရန် ငွေကြေးခက်ခဲနေသည်ဟု ၎င်းတို့၏ ဆွေမျိုးများက ပြောသည်။

kachin-ar-oct21

မြစ်ကြီးနားမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ခံထားရသူများမှာ လမိုင်အောင်(Slg. Lamai Awng)၊ အူဂ လခွန်း(Slg. Uga La Hkun)၊ အူဂ အန်တူး (Slg. Uga An Tu)၊ အင်ဘရိုင်ဂမ် (Slg. Nbrai Gam)၊ မိဂန်အောင် (Slg. Mi gang Awng)၊  လဖိုင်တူးဂျာ (Slg. Lahpai Tu Ja) တို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ငြိမ်းထွန်းကျော်၊ အမှတ် (၁) ရဲစခန်းမှူး၊  လူဝင်မှုကြီးကြပ်ရေး၊ သတ္တု တွင်းနှင့် သစ်တောရေးရာဝန်ကြီးဌာနများမှ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
kachin-ar-oct21ယခုကဲ့သို့ မဖမ်းဆီးခင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ “မြစ်ကြီးနားမြို့၊ တန်ဖရဲကျေးရွာအုပ်စုတွင် တရားဝင်ရွှေသတ္တုတူးဖော်ရန်ခွင့်ပြုထားသည့် ခါကာဘိုကုမ္ပဏီမှလွဲ၍ ကျန်ရှိသော တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေသတ္တုတူးဖော်နေသူများ၊ နေထိုင်သူများ၊ လူနေအဆောက်အဦးများ၊ စျေးဆိုင်တန်းများသည် သတ်မှတ် လုပ်ငန်းခွင်နယ်နမိတ်အတွင်းမှ (၁၀-၁၀-၂၀၁၁) ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာရန်နှင့်သတ်မှတ်ထားသော ရက်အတွင်း ထွက်ခွာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။” ဟု ထုတ်ပြန်ခဲ့သေးသည်။

လတ်တလော ရေကာတာစီမံကိန်းဆိုင်းငံ့ထားသော်လည်း ယခင်က စီမံကိန်းကြောင့် ကျေးရွာပြောင်းရွေ့ ခဲ့ရသည့် မြစ်ဆုံ တန်ဖရဲဒေသတွင် ယခုအခါ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ ခါကာဘိုသတ္တုတူးဖော်ရေးကုမ္ပဏီတို့ အကျိုးတူဖက်စပ် ရွှေတူးဖော်နေခြင်းလည်း ဖြစ်သည်။

Most read this week