မြစ်ဆုံတွင် တိုးချဲ့ရွှေတူးရန် အစိုးရက ဒေသခံများကို နှင်ထုတ်

မြစ်ဆုံတွင် တိုးချဲ့ရွှေတူးရန် အစိုးရက ဒေသခံများကို နှင်ထုတ်
by -
ကချင်သတင်းဌာန

တန်ဖရဲရွာ ဧရာဝတီ မြစ်ဆုံဒေသတွင်ခါကာဘို သတ္တုတူးဖော်ရေးကုမ္ပဏီနှင့် အမှတ်(၂) သတ္တု တွင်းလုပ် ငန်း တို့ အကျိုးတူ ရွှေဖက်စပ်တူးဖော် ရေးလုပ်ငန်းအတွက်် ဒေသခံများကို လုပ်ငန်းခွင် အတွင်းမှ နှင်ထုတ်လိုက်သည်။

Gold-mining-oct21

မလိ-အင်မိုင်မြစ်ဆုံဆည် ဆိုင်းငံ့ခြင်း ကြေညာပြီးနောက် ၅ ရက်အကြာ ဆည်စီမံကိန်းဒေသတွင် အစိုးရပိုင်ရွှေတူးဖော်ရေးလုပ်ငန်းအတွက် ဒေသခံများကို ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်သည်ဟု ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ (KDNG) ၏ အောက်တိုဘာ (၂၁) ရက်ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။

“မြစ်ကြီးနားမြို့၊ တန်ဖရဲကျေးရွာအုပ်စုတွင် တရားဝင်ရွှေသတ္တုတူးဖော်ရန်ခွင့်ပြုထားသည့် ခါကာဘို ကုမ္ပဏီမှလွဲ၍ ကျန်ရှိသော တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေသတ္တုတူးဖော်နေသူများ၊ နေထိုင်သူများ၊လူနေ အဆောက်အဦးများ၊ စျေးဆိုင်တန်းများသည် သတ်မှတ်လုပ်ငန်းခွင်နယ်နမိတ်အတွင်းမှ (၁၀-၁၀-၂၀၁၁) ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာရန်နှင့် သတ်မှတ်ထားသောရက်အတွင်း ထွက်ခွာမှုမရှိပါကတည်ဆဲ ဥပဒေအရ ထိရောက်စွာရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။” ဟု မြစ်ကြီးမြို့နယ် အုပ်ချုပ်ရေးဌာနမှ စာဖြင့့်ညွှန်ကြားလာသဖြင့် လုပ်ငန်းရုပ်သိမ်းလိုက်ရကြောင်း ဒေသခံရွှေတူးဖော်နေသူတစ်ဦးပြောသည်။
kachin-ar-oct21
ခါကာဘိုသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်သည် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွွံ့ဖြိုးရေး ပါတီဝင် ဦးရားဝမ်ဂျံု ပိုင်ဆိုင်သည်ဟု နှင်ထုတ်ခံရသူများ ပြောသည်။

ယခင်က တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေတူးဖော်မှုမရှိသော်လည်း ၂၀၀၉ ခုနှစ်တွင် မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်မှုလုပ်ငန်း စတင်လာပြီးနောက် ကျေးရွာများ ရွှေ့ပြောင်းရသည့်ပြင် ရွှေတူးဖော်လာကြသည်။

Most read this week