တနှစ်ခွဲ ကချင် ကလေးငယ် အား မြန်မာအစိုးရတပ်မှပစ်သတ်

တနှစ်ခွဲ ကချင် ကလေးငယ် အား မြန်မာအစိုးရတပ်မှပစ်သတ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အပေါ်ထိုးစစ်အတွင်း ကချင်ကလေးငယ် တစ်ဦး အားမြန်မာအစိုးရတပ်က ပစ်သတ်လိုက် သည် ဟု ကလေးမိဘနှင့် နီးစပ်သူများပြောသည်။

manje-oct19myen
အသက် ၁ နှစ် ၅ လအရွယ် မ ရှောင်လတ် (ဘ) လဗျယော်ထုံ (Labya Yaw Htung) (မိ) ခကိုင် (Hka Kai) အား အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရွှေကူနယ်မြေခံ ခလရ (၅၆) ကပစ်သတ် လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မန်မော်(ဗန်းမော်)ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကောင်ရာကျေးရွာတွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

ခလရ(၅၆) တပ်က ကလေးမိဘပိုင်ပစ္စည်းဥစ္စာများကို သိမ်းယူပြီးနောက် အိမ်ကိုပါ မီးရိိှု့လိုက်သည်ဟု ကလေးမိဘနှင့် နီးစပ်သူများ ဆက်ပြောသည်။

တစ်ရက်ထဲတွင် မြစ်ကြီးနား-မန်မော်လမ်းပေါ် အသက် (၃၅) နှစ်ရှိ ကချင်အမျိုးသား မဂျီဇော်ခေါင်အား ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်နယ်မြေခံ ခမရ (၃၂၁)တပ်က မေ့မျော သွားသည်အထိ ရိုက်နက်ကာ ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်၊ တင်ဆောင်လာသည့်ပစ္စည်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ကိုပါ ခမရ (၃၂၁) က သိမ်းယူသွားသည်ဟု မိသားစုဝင်တစ်ဦးပြောသည်။

ဇော်ခေါင်သည် မြစ်ကြီးနားမြောက်ဘက် ၁၀ မိုင်ရွာသားဖြစ်ကာ ကျပန်း အလုပ်သမားဖြစ်သည်ဟုပြော သည်။

ယခုအခါ မြန်မာအစိုးရထိန်းချုပ်ဒေသနှင့် စစ်ပွဲဇုံအတွင်းမှ ပြည်သူများသည် မြန်မာအစိုးရတပ်က ဖမ်းဆီးနှိပ်စက်၊ အဓ္ဓမပြုကျင့်၊ အဓ္ဓမလုပ်အားခိုင်းစေမည်ကို ကြောက်ရွံ့နေကြသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အခြားလူမျိုးများထက် ကချင်အမျိုးသားများကို ပို၍ ပစ်မှတ်ထားသည်ဟု ဒေသခံ ကချင်အဖွဲ့အစည်းများက ဆိုသည်။

Most read this week