ကချင်မြို့တော် မြစ်ကြီးနား မြို့ခံ ၂၀ အား မြန်မာစစ်တပ်မှ ပေါ်တာဆွဲ

ကချင်မြို့တော် မြစ်ကြီးနား မြို့ခံ ၂၀ အား မြန်မာစစ်တပ်မှ ပေါ်တာဆွဲ
by -
ကချင်သတင်းဌာန

မြန်မာစစ်တပ်က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ဒေသခံ ၂၀ ကို အောက်တိုဘာလ ၁၆ ယမန်နေ့ည ရ နာရီနှင့် ၈နာရီကြား ပေါ်တာဆွဲခေါ်ခဲ့ကြောင်းဒေသခံများပြောသည်။

kachin_manau
၄င်းတို့သည် မြစ်ကြီးနားမြောက်ဘက်ရှိ မန်ခိန်နှင့် ရွှေဇက် ကချင်ကျေးရွာ ၂ ခုမှ ဖြစ်သည်ဟုဒေသခံများပြော သည်။

ဖမ်းစီးခေါ်ဆောင်သွားသော စစ်တပ်များသည် မြစ်ကြီးနားမှ မြောက်ဘက် ရ မိုင်အကွာရှိ ပလန ကျေးရွာ (မြစ်ကြီးနား) အခြေစိုက် ခလရ (၂၉)တို့ဖြစ်သည်။

ပေါ်တာမဆွဲခင် အစောပိုင်းကလည်း  ခလရ (၂၉)မှစစ်သားများ ကားတစ်စီးဖြင့် ယင်းရပ်ကွက် ၂ ခုမှ အုပ်ချုပ်ရေးမှူးများသို့သွားရောက်ပြီး ကျေးရွာတစ်ရွာမှ လူအယောက် ၅၀ စီ ပေါ်တာအတွက် ရှာပေးရန် အမိန့်ပေးခဲ့သေးသည်ဟု ဒေသခံများပြောသည်။

သို့ပေမဲ့ ရွာလူကြီးများက ထိုသို့ပြုလုပ်ခြင်းသည် မကောင်းကြောင်းပြောပြီး မလုပ်ရန်တားမြစ်ခဲ့ရာစစ်သား များက “ရွာလူကြီးများ မရှာပေးလျှင် မိမိတို့ကိုယ်တိုင် တစ်အိမ်ချင်းစီဝင််ပြီး ပေါ်တာခေါ်ယူမည််” ဟုပြောလာ ကြောင်း ဆက်၍သိရသည်။

ထိုသို့ သတိပေးလာခြင်းကြောင့် ရွာလူကြီးများက အိမ်ထဲကိုမဝင်ပဲ လမ်းမပေါ်တွင် တွေ့သောသူများကို ပေါ်တာဆွဲရန် ခွင့်ပြုလိုက်သည်ဟု သိရသည်။

မြန်မာစစ်သားများသည် မြစ်ကြီးနားမှ အခြားကချင်ကျေးရွာ စီတာပူ၊ တပ်ကုန်း၊ ဒူကထောင်နှင့် ဧရာဝတီ မြစ်တဖက်ကမ်း ၀ိုင်းမော်မြို့နယ်တွင်လည်း ပေါ်တာဆွဲခေါ်နေကြောင်း ဒေသခံများပြောသည်။

မြန်မာစစ်တပ်၏ ပေါ်တာအဖြစ် အဓ္ဓမ အဖမ်းခံရသူများကို စစ်ဝတ်စုံ ၀တ်ခိုင်းပြီး လက်ရှိကချင်လွတ်မြောက် ရေးတပ်ဖွဲ့ (KIA) နှင့်ဖြစ်နေသော ရှေ့တန်း နယ်မြေသို့ ခေါ်ဆောင်သွားလျပ်ရှိကြောင်းမျက်မြင်သက်သေများ ပြောသည်။

Most read this week