ကချင်အမျိုးသားများ ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်ဘက်မှ ကူညီခဲ့

ကချင်အမျိုးသားများ ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်ဘက်မှ ကူညီခဲ့
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်းမှ ကချင်အမျိုးသားများသည် ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်ဘက်မှအကူအညီ ပေးခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက် အမေရိကန် ကွန်ကရက် မှတ်တမ်းအရ အထက် လွှတ တော် အမတ် မစ္စတာမက်ကော်နယ်၏ တင်ပြချက်ကို ဖော်ပြထားသည်။

မစ္စတာမက်ကော်နယ် (Mr. McConnell) သည် အမေရိကန်အစိုးရ အတိုက်အခံ ရီပါဘလီကင် ပါတီ (Republican Party)မှ Kentucky ပြည်နယ်၏ အထက်လွှတ်တော်အမတ်နှင့် လူနည်းစုခေါင်းဆောင် (Minorities leader) လည်း ဖြစ်သည်။
mitch_mcconnell
ယနေ့ ဖိနှိပ်သည့် မြန်မာအစိုးရအား တော်လှန်နေသည့် ကချင်လူထုသည် အမေရိကန်ပြည်ထောင်စုနှင့် သမိုင်းကြောင်းအရ ဆက်နွယ်မှုရှိကြောင်း “Burma Challenges” ဟူသောခေါင်းစဉ်ဖြင့်ပြောဆိုသွား သည်။

၁၉၄၂ ဧပြီလ ၁၄ ရက် ဂျပန်တပ်များ ရန်ကုန်ကို မသိမ်းပိုက်နိုင်ခင် ၃ ပတ်အလို၌ ကချင်ရိန်းဂျားစ်တပ် (Kachin Rangers) ပါ၀င်သော ၀မ်းအိုဝမ်း(101) တပ်ကို စတင်ဖွဲ့စည်းရာ ၁၉၄၅ နှစ်ဦးတွင်ကချင်တပ် သား ၁၀၀၀၀ ကျော်လာသည်။

ကချင်ရိန်းဂျားစ်တပ်ဖွဲ့ဝင်များက ဂျပန်တပ်သား ၁၅၀၀၀ ကျော် ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်နိုင်ခဲ့သည်။ ထို့အပြင် ဂျပန်တပ်၏ ထောက်ပို့ပစ္စည်း တန်ချိန် ၁၅၀၀၀ ကျော် ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး စတီးဝီလ်း (General Joseph Stilwell) ၏ မြောက်ပိုင်းစစ်ဆင်ရေး(Northern Combat Area Command) အတွက် ထောက်လှမ်းရေးသတင်း ၈၅% အား မြန်မာပြည် ကချင်ရိန်းဂျားတပ်ဖွဲ့၏ အမှတ် (၁၆၄) ကချင်ရေဒီယိုတပ်ဖွဲ့က ပေးပို့ခဲ့သည်။

ကချင်ရိန်းဂျားတပ်ကပင် အမှတ် (၁၀) အမေရိကန်လေတပ်၏ ပစ်မှတ် ရ၅% အတွက် လမ်းညွှန်အစီရင် ခံပေးနိုင်ကာ လေယာဉ်ပျက်ကျသည့် မဟာမိတ် လေတပ်သား ၄၂၅ ဦးကိုလည်းအသက်ကယ်ပေး နိုင်ခဲ့သည် ဟု အမေရိကန် အထက်လွှတ်တော်အစည်းအဝေး မှတ်တမ်းတွင် ရေးသားထားသည်ကို တွေ့ရသည်။

စစ်ပြီးချိန် ကချင်ရိန်းဂျားစ်တပ်များပါ၀င်သည့် Detachment 101 သည် စစ်ဦးစီးချုပ် အိုက်စင်ဟောင်ဝါ (နောင်သမ္မတဖြစ်လာသူ) မှ Presidential Distinguished Unit Citation ဆုချီးမြှင့်ခံရသည်။

ထို့အတူ ကချင်ရိန်းဂျားစ်တပ်ဖွဲ့ဝင်တိုင်းအားလည်း Citation for Military Assistance ဆုဖြင့်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

မျက်မှောက်ခေတ်တွင်လည်း လွန်ခဲ့သော နှစ် ၆၀ ကျော်ကဲ့သို့ပင် လွတ်လပ်ရေးအတွက် ကချင်လူထု၏ ရဲစွမ်းသတ္တိနှင့် စွမ်းဆောင်ချက်ကို ချီးမွမ်းဂုဏ်ပြုပါသည်ဟု အမေရိကန်အထက်လွှတ်တော်တွင်ဆွေး နွေးထားသည်။

Most read this week