မြန်မာအစိုးရတပ် ရှေ့တန်းစခန်းအား KIA တိုက်ခိုက် သိမ်းပိုက်

မြန်မာအစိုးရတပ် ရှေ့တန်းစခန်းအား KIA တိုက်ခိုက် သိမ်းပိုက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်ကာလ ၄ လ အကြာ၌ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က အရေးပါသည့် မြန်မာအစိုးရတပ် ရှေ့တန်းစစ်စခန်း တစ်ခုကို တိုက်ခိုက် သိ်မ်းပိုက်လိုက်သည်ဟုဒေသခံ များပြောသည်။

janmaipost-hpyenla_copy

အောက်တိုဘာ ၁၁ ရက် အင်္ဂါနေ့တွင် နှစ်ဖက်ကြား ၂၄ နာရီနီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းစခန်းကို KIA က သိမ်းပိုက်လိုက်သည်ဟု သိရသည်။

ဗန်းမော်ခရို်င် လွယ်ဂျေမြို့နယ်ခွဲမှ တောင်ထိပ်ပေါ်နေရာယူထားသည့် မြန်မာအစိုးရတပ်၏ ဂျန်မိုင်တပ်စခန်းအား KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နှင့် (၂၁) ပူးပေါင်း တပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက သိမ်းပိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

ရွှေညောင်ပင်(၀ုိင်းမော်မြို့နယ်) ခမရ (၃၂၁) မှ အင်အား ၂၀ ခန့်ရှိ ဂျန်မိ်ုင်စခန်းအား KIA ပူးပေါင်းတပ်ဖွဲ့က ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် စတင်တိုက်ခိုက်သည်ဟု ဆိုသည်။
janmaipost-oct12-myen
ယင်းမြန်မာတပ်စခန်းသည် တရုတ်နယ်စပ်ပေါ်မှ KIA တပ်မဟာ (၃) ဌာနချုပ် မိုင်ဂျာယန်နှင့်နီးစပ်ကာ စစ်ရေးအရ အရေးပါသည်ဟု KIA အရာရှိများပြောသည်။

တရက်တာတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိသည်။ ထို့အပြင် စိန်လုံကျေးရွာတွင်လည်း KIA တပ်ဖွဲ့ဝင် ၂ ဦး ထပ်မံ ကျဆုံးသည်ဟု ဒေသခံများနှင့် KIA အရာရှိများပြောသည်။

ယခုသီတင်းပတ်အစောပို်င်းကတည်းက ဗန်းမော်ခရို်င်ထဲ မြန်မာအစိုးရတပ်အင်အား ထပ်တိုးနေဆဲဖြစ်သည်ဟု မျက်မြင်သက်သေများပြောသည်။

Most read this week