ကချင်များ တရုတ်အစိုးရ ကန့်ကွက်ဆန္ဒပြပွဲ ၃ နေရာတွင် ပြုလုပ်

ကချင်များ တရုတ်အစိုးရ ကန့်ကွက်ဆန္ဒပြပွဲ ၃ နေရာတွင် ပြုလုပ်
by -
ကချင်သတင်းဌာန

တရုတ်နိုင်က မြန်မာ့အရေးချယ်လှယ်နေမှုကို ကချင်အမျိုးသားများ ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြပွဲများကို အမေရိကန်နိုင်ငံ (၃) နေရာတွင် အောက်တိုဘာ ရ ရက်၊ သောကြာနေ့ကပြုလုပ်ခဲ့ သည်။

neu

၀ါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့၊ Texas ပြည်နယ် Houston ရှိ တရုတ်ကောင်စစ်ဝန်ရုံးနှင့်ကယ်လီဖိုးနီးယား ပြည်နယ် Los Angeles တရုတ်ကောင်စစ်ဝန်ရုံးရှေ့ တို့တွင် ညနေပိုင်းတွင် တစ်ပြိုင်နက်ဆန္ဒပြခဲ့ကြခြင်းဖြစ် သည်။

အမေရိကန်နိုင်ငံ Los Angeles မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြသူများထဲ ဦးဆောင်ပါ၀င်သူ ကချင်နာမည် ကျော် တေးသံရှင်နှင့် သရုပ်ဆောင် မော်ရင်းဆိုင်းမိုင်က “မြန်မာအစိုးရကို တရုတ်ကထောက်ခံ အားပေးနေတာကို ရပ်ပေးဖို့ ပြီးတော့ ရင်းမြှပ်နှံတာကိုရပ်ပြီး ပြည်သူတွေလက်ခံတဲ့ အစိုးရဖြစ်လာမှပြန်လည် ရင်းနှီးမြုပ်နှံတွေ ပြုလုပ်လာဖို့ရယ်၊ ဒုက္ခသည်တွေကိုလက်ခံပေးဖို့နဲ့ ကူညီပေးဖို့၊ ကုလသမဂ္ဂ ကနေမြန်မာနိုင်ငံ အပေါ် ပြောဆိုလာတာတွေအပေါ် ထောက်ခံပေးဖို့၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြောဆိုသံတွေကိုနားထောင် ပေးဖို့ ကျွန်မတို့ တောင်းဆိုသွားပါတယ်။” ဟု ကချင်သတင်းဌာနသို့ ပြောဆိုသည်။

၀ါရှင်တန် တရုတ်သံရုံးရှေ့ဆန္ဒပြမှုကို ဦးဆောင်သူ KNO ကချင်အမျိုးသားအစည်းအရုံး (အမေရိကန်) ယာယီ တာဝန်ခံ ဆလန် ဂွန်ဆန် “တရုတ်နိုင်ငံအနေနဲ့ မြန်မာ ပြည်ထောင်စုထဲကစ္စ အဝဝအပေါ် လွန်လွန်ကျူးကျူး ချယ်လှယ်နေတာ ပါ၀င်ပတ်သက်နေတာတွေကို ကန့်ကွက်ရတာဖြစ်တယ်။” ဟု ပြောသည်။

တရားမျှတမှုမရှိသည့် မြန်မာအစိုးရအား အဘက်ဘက်မှ ထောက်ခံအားပေးခြင်းကို ရပ်တန့်ပေးရန်၊စစ်ပြေး ဒုက္ခသည် များအား လက်ခံပေးရန်၊ နိုင်ငံတကာက မြန်မာအစိုးရ၏ တရားမျှတမှုမရှိသည့်လုပ်ဆောင်ချက်များ အတွက် စွဲချက်များအား ထောက်ခံပေးရန်  အချက် (၃) ချက်ကို တောင်းဆို ဆန္ဒပြကြသည်ဟု သိရသည်။

Houston ဆန္ဒပြတဲ့အထဲ ပါ၀င်ဦးဆောင်သူ ဆလန် ဆွတ်နောင် က “ဒီမှာနေတဲ့အခါကျတော့ဒီမှာလုပ်လို့ရတဲ့ ဟာ လုပ်သင့်တဲ့ဟာတွေအတွက် ဒီမှာရှိတဲ့ ကချင်လူမျိုးတွေရယ် တခြား တောင်ပေါ်သားတွေနဲ့တူ နိုင်ငံနဲ့ လူမျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ခုလို လုပ်ရတာဖြစ်တယ်။” ဟု ဆိုသည်။

ဆန္ဒပြမှုတွင် အမေရိကန်ရောက် အခြားမြန်မာတိုင်းရင်းသားများဖြစ်ကြသည့် ချင်း၊ ကရင်နှင့် ရှမ်းအဖွဲ့အစည်း များမှလည်း ပါ၀င်ပူးပေါင်းကြသည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူများပြောသည်။

၀ါရှင်တန် ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်း အမျိုးသားများ စုပေါင်းတောင်းဆိုထား သည့် အိပ်ဖွင့်စာတစ်စောင်ကိုလည်း သံရုံးသို့ ပေးအပ်ခဲ့ကြောင်း ဆန္ဒပြသူများ ပြောသည်။

Most read this week