KIA တပ်မဟာ(၄) နယ်မြေရှိ ကျေးရွ၆ခုမှ ပြည်သူများ ထွက်ပြေးနေ

KIA တပ်မဟာ(၄) နယ်မြေရှိ ကျေးရွ၆ခုမှ ပြည်သူများ ထွက်ပြေးနေ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ(၄) ဌာနချုပ်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲကြောင့် အနည်းဆုံးကျေးရွာ ၆ ခုမှဒေသ ခံပြည်သူများနေ ရပ်စွန့်ခွာထွက်ပြေးလာကြသည်။

kachin-refugee-laiza
“ရွာထဲမှာ နေလို့မရတော့ဘူး။ မြန်မာစစ်တပ်က ပစ်လိုက်တဲ့ ကျည်၊ အမြောက်ဆံတွေရွာထဲ ကျလာတယ်။ တချို့ ဒဏ်ရာရကြတယ်။ မြန်မာတပ်တွေ ရွာထဲဝင်လာပြီး နှိပ်စက်မှာကို အရမ်းစိုးရိမ်တယ်။ ဒါကြောင့် လုံခြံုတဲ့နေရာကို တိမ်းရှောင်လာတာဖြစ်တယ်” ဟု နေရပ်စွန့်ခွာလာသူ တစ်ဦးပြောသည်။

စစ်တပ်မှ တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၉)၊တပ်ရင်း(၃)နှင့် တပ်ရင်း(၈) များတွင် စစ်မျက်နှာ ၃ မျက်နှာဖြင့် ချဉ်းကပ်လာ၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံရွာသားများနေအိမ်တွင် ထိခိုက်၍ ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့သည်။
kutkai-to-muse-road-Myan-myan
မြန်မာစစ်တပ်များ အင်အားဖြည့်ချဉ်းကပ်တိုက်ခဲ့ခြင်းဖြစ်၍ KIA တပ်ရင်း (၉) အနီး ဒတ်နိုင်း(Daknai)၊ ဒီမာ(Dima)၊ နောင်အိန် (Nawng Ing)၊ မုန်လီ (Mungli)၊  ထန်ဖာဘွမ ်(Htanhpa bum) နှင့် ဘန်ဂိုင်ဘွမ်(Banggai bum) ကျေးရွာသားများသည် မန္တလေး-မူဆယ်လမ်းပေါ်ရှိ နမ်အွမ်(Nam-um)၊ နမ်ဖတ်ကာ(Namhpakka)နှင့် မူဆယ် (Muse) သို့ ထွက်ပြေးကြခြင်းဖြစ်သည်။

မြန်မာအစိုးရတပ်က စက်တင်ဘာလ (၂၄) ရက် မှစတင်ကာ KIA တပ်မဟာ (၄) ဒေသ (တပ်ရင်း ၂၊ တပ်ရင်း ၈၊ တပ်ရင်း ၉)သို့ အင်းတိုက်အားတိုက် ထိုးစစ် ဆင်နွှဲလာသည်။

KIA တပ်ရင်း (၂) အနီးရှိ ကျေးရွာသားများသည် တာမိုးနဲ(Tamunye)နှင့် ကွတ်ခိုင် (Kutkai) သို့ ထွက်ပြေး ကြ သည်ဟု သိရသည်။

ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ ၀င်ရန် နယ်စပ် ပန်ဆိုင်း (ကြူကုတ်)သို့ ရောက်ရှိလာကြသည့် ဒီမာနှင့် နောက်အိန် ကျေးရွာသား (၄၀)ခန့်အား ပန်ဆိုင်းရှိ မြန်မာရဲတပ်ဖွဲ့ဝင်များက ပန်ဆိုင်း ကချင်နှစ်ခြင်းခရစ်ယာန် ကျောင်းဝင်းတွင်သာ နေထိုင်ရန် ညွှန်ကြားလာသည်ဟု သိရသည်။

ယခုအခါ KIA တပ်ရင်း ၉ အခြေစိုက်စခန်း ဒတ်လက်ဘွမ်(Dak-let Bum)သိမ်းပိုက်ထားသည့် မြန်မာ စစ်တပ်၏ တပ်မဟာ ၄ အပေါ်ထိုးစစ်ဆင်မှုပိုမိုကျယ်ပြန့်လာသဖြင့် ဒေသခံများ နေရပ်စွန့်ခွာမှုပိုမိုများပြား လာမည်ဟု သိရသည်။

Most read this week