မြန်မာအစိုးရ ရဲဘက်စခန်းကို KIA ၀င်စီးပြီး အကျဉ်းသား ၅၂ ဦး

မြန်မာအစိုးရ ရဲဘက်စခန်းကို KIA ၀င်စီးပြီး အကျဉ်းသား ၅၂ ဦး
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)က ရှမ်းပြည် မြောက်ပိုင်းမှ မြန်မာအစိုးရရဲဘက်စခန်းတစ်ခုကို ၀င်ရောက်စီးနင်းကာ အကျဉ်းသား အနည်းဆုံး ၅၂ ဦးကိုလွှတ်ပေးခဲ့သည်ဟု KIA က ပြောသည်။

shan-muse-manday-myen

လွှတ်ပေးသော အကျဉ်းသားများထဲတွင် နိုင်ငံရေးနှင့် ပတ်သက်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ၀င်များနှင့် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်ကာ အဖမ်းခံရသူများ ပါ၀င်သည်ဟု KIA ဆိုသည်။

စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်မြို့နယ်၊ မန္တလေး-မူဆယ်လမ်း၊ နမ်အွမ်ကျေးရွာမှ အရှေ့တောင်ဘက် (၈) မိုင်အကွာ ဒီမားကျေးရွာအနီး ရွှေပြည်သစ် ဘိန်းဖြတ်စခန်းနှင့် ကပ်လျက်ရှိသည့်ရဲဘက်စခန်းအား KIA က ၀င်စီးခြင်းဖြစ်သည်။

ယခုလို ၀င်စီးခြင်းအား KIA တပ်မဟာ (၄) အောက် ဒီမားအခြေစိုက် KIA တပ်ရင်း (၉)မှ တပ်ဖွဲ့များ ပြုလုပ်ခဲ့ကြောင်း KIA အရာရှိများ အတည်ပြုပါသည်။

စက်တင်ဘာ ၂၁ ရက် “ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အနေဖြစ်” အကျဉ်းသားများအား KIA လွှတ်ပေးခြင် းဖြစ်သည်ဟု တပ်ရင်း (၉) အရာရှိများပြောသည်။

KIA စစ်သားများ ရဲဘက်စခန်း ၀င်စီးစဉ် သီးသန့်နေရာရှိ ဘိန်းဖြတ်စခန်းကိုမူ လုံးဝထိပါးခြင်း မရှိကြောင်း KIA က ဆိုသည်။

သို့သော် ဖမ်းဆီးထားသော ရဲဘက်စခန်းစောင့် ရဲတပ်သား (၈) ဦးအား ယခုချိန်ထိပြန်လွှတ်ပေးခြင်း မရှိပါ။

ရွှေပြည်သစ် ရဲဘက်စခန်းနှင့် ဘိန်းဖြတ်စခန်းကို KIA တပ်ရင်း (၉) နယ်မြေတွင် (၁၇) နှစ်ကြာအပစ်အခတ်ရပ် ဆိုင်းရေးကာလ အစောပိုင်းကလည်းက မြန်မာစစ်အစိုးရမှဖွင့်လှစ်ခဲ့သည်။

နိုင်ငံရေးဆွေးနွေး အဖြေရှာခြင်း လုံးဝမရှိသည့် နှစ်ဖက်ကြားငြိမ်းချမ်းရေးစာချုပ်သည် ပြီးခဲ့သည့် ဇွန် ၉ ရက်တွင် အဆုံးသတ်ကာရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နှစ်ဖက် တပ်များကြား ပြည်တွင်းစစ်ပြန်စလာ သည်။

Most read this week