တရုတ်နယ်စပ်မှ ဘိလပ်မြေ တင်သွင်းခြင်း KIA ပိတ်ပင်

တရုတ်နယ်စပ်မှ ဘိလပ်မြေ တင်သွင်းခြင်း KIA ပိတ်ပင်
by -
ကချင်သတင်းဌာန

မန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် အရှေ့ ဘက်ရှိ တရုတ်နယ်စပ်မှ ဘိလပ်မြေ တင်သွင်းခြင်း ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကပိိတ်ပင် ထားကြောင်း KIA ကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနား-ကန်ပိုင်တီလမ်းမှ တရုတ်ကုန်ပစ္စည်းများ ကချင်ပြည်နယ်သို့ တင်သွင်းနေပုံ။

ထိုသို့ပိတ်ပင်ရခြင်းမှာ “ဧရာဝတီမြစ်ဆုံတွင် ရေကာတာကြီး တည်ဆောက်နေခြင်း ရပ်တန့်ရန်ရည်ရွယ် ခြင်း ဖြစ်သည်” ဟု KIA ဗဟိုဌာနချုပ် လိုင်ဇာမှ နာမည်မဖော်လိုသူ အရာရှိတစ်ဦး ပြောသည်။
lam_4_myen

သူက “ဟုတ်ပါတယ် ကျွန်တော်တို့ပိတ်ထားပါတယ။် မြစ်ဆုံရေကာတာလုပ်ခြင်းဟာ ပြည်သူလူထုအတွက် အများကြီးစိုးရိမ်ရပါတယ်။ တရုတ်တွေက ဒီဆောက်လုပ်ရးပစ္စည်းတွေကို နယ်စပ်ကနေပြီး ပို့ဆောင်နေ တာပါ။ ကျွန်တော်တို့က ဘိလပ်ကို အဓိကထားပြီး ပိတ်ပင်တာပါ။”

KIAမှ ပိတ်ပင်ထားသော အခြားတရုတ်ဆောက်လုပ်ရေးပစ္စည်းများတွင် သံ၊ ပိုက်နှင့် ထုံး တို့လည်း ပါ၀င် သည် ဟု နယ်စပ်ကုန်သည်များ ပြောသည်။

သို့သော် လူနှင့် အခြားစားသုံးကုန်ပစ္စည်းများကို သက်ယူပို့ဆောင်ခွင့် ပြုထားသည်။

“လူတွေနဲ့ စားစရာပစ္စည်းတွေတော့ ရပါတယ်။ ဒါပယ်မဲ့ ဘိလပ်မြေ တင်ထားတဲ့ ကားတွေတော့ လုံးဝ သွားလို့ မရဘူး။” ဟု မြစ်ကြီးနား-ကန်ပိုင်တီလမ်းကြောင်းရှိ ၀ိုင်းမော် ဒေသခံတစ်ဦး ပြောပါသည်။

ပြီးခဲ့သည့် ဇွန်လ မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ် ပြန်စလာချိန်ကတည်းက ပိတ်ပင်ထားသော အဓိက တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း (၄)ခုမှာ မြစ်ကြီးနား-လိုင်ဇာ၊ မြစ်ကြီးနား-ကန်ပိုင်တီ၊ ဗန်းမော်-လွယ်ဂျယ်နှင့် ဗန်းမော်-နမ့်ခမ်း လမ်း တို့ဖြစ်သည်။

Most read this week