KIA မိုင်းကြောင့် မြန်မာစစ်သားများ ထိခိုက်ဒဏ်ရာရ

KIA မိုင်းကြောင့် မြန်မာစစ်သားများ ထိခိုက်ဒဏ်ရာရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် အတွင်း စက်တင်ဘာ ၁၃၊ ယနေ့ အင်္ဂါနေ့ နံနက် ၁၀ နာရီခန့်၌ KIA မိုင်းကြောင့် မြန်မာစစ်သားများ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု KIA သတင်းရပ် ကွက်မှ သိရသည်။

nahpaw_bum_myen
ဒဏ်ရာရမြန်မာစစ်သားများမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ မြစ်ကြီးနားအခြေစို်က် ခလရ ၃၇ မှ ဖြစ်သည်ဟု ဆိုသည်။

ယခင် KIA ဌာနချုပ် ယခု မြန်မာစစ်တပ်စခန်းဖြစ်သည့် နဖော့ဘွမ် (Nahpaw Bum)တောင်မှ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဂန်တော်ယန်ရွာသို့ မြန်မာစစ်သားများ ဦးတည်လာစဉ် ယခုကဲ့သို့ပေါက်ကွဲမှုဖြစ် ပွားခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ပေါက်ကွဲပြီးနောက်တွင်လည်း မြန်မာစစ်သားများအား KIA စစ်သားများက မိနစ်အနည်းငယ် လိုက်လံ ပစ်ခတ်ကြသေးသည်ဟု KIA အရာရှိများပြောသည်။

Most read this week