၆ ရက်အတွင်း မြန်မာအစိုးရ စစ်သား ၂၅ ဦးကျော် ကျ

၆ ရက်အတွင်း မြန်မာအစိုးရ စစ်သား ၂၅ ဦးကျော် ကျ
by -
ကချင်သတင်းဌာန

၆ ရက်အတွင်း၊ ယခုလ စက်တင်ဘာ ၁ ရက်မှ ၆ ရက်ထိ ကချင်ပြည်နယ်တွင်ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် ဖြစ်သော စစ်ပွဲများတွင် မြန်မာ အစိုးရ စစ်သား ၂၅ ဦးကျော် ကျဆုံးခဲ့ကြောင်း KIA အရာရှိများ ပြောသည်။

အထူးသဖြင့် ဧရာဝတီမြစ်အရှေ့ပိုင်း စစ်မျက်နှာ အင်မောက် (မိုးမောက်)မြို့နယ်၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲနှင့် ၀ိုင်းမော်မြို့နယ်များတွင် အစိုးရစစ်သားများ ကျဆုံးခဲ့သည်ဟု KIA တပ်မဟာ (၃) အရာရှိတစ်ဦးပြောသည်။
လိုင်ဇာဌါနချုပ် အနီးတွင် မြင်တွေ့ရသော KIA စစ်သားများ။
ထို့အပြင် မြန်မာစစ်သား တစ်ဒါဇင် နီးပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက် KIA အရာရှိမှ ထပ်ဆိုသည်။

KIA ဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း အရာရှိများ ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစန် ဦးဆောင်သော မြန်မာအစိုးရအဖွဲ့သစက သြဂုတ် ၁၂ ရက် ပထမဆုံး နေပြည်တော် သတင်းစားရှင်းလင်းပွဲကျင်းပခဲ့စဉ် KIA အား “သောင်းကျန်းသူအကြမ်းဖက် သမားအဖြစ်” ခေါ်ဆို ရှုတ်ချခဲ့သည်။

ယင်းနောက် နှစ်ဘက်ကိုယ်စားလှယ်များကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနေခြင်း ရပ်တန့်သွားခဲ့သည်။

Most read this week