KIA အား မြန်မာအစိုးရ စိတ်ဓါတ်စစ်ဆင်ရေး ဆင်နွှဲ

KIA အား မြန်မာအစိုးရ စိတ်ဓါတ်စစ်ဆင်ရေး ဆင်နွှဲ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရသည် တနိုင်ငံလုံးရှိ ပြည်သူများသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပတ်သက်ပြီး မဟုတ်မမှန်သတင်းအမှားများကို လုပ်ကြံ ဖန်တီး ရေးသား ဖြန့်ဝေခြင်းအားဖြင့် KIO အားစိတ်ဓါတ် စစ်ဆင်ခြင်း စတင်လိုက်သည်။

KIO နှင့် ၎င်း၏လက်နက်ကိုင် KIA အား ရှုတ်ချသည့် စာရွက်ငယ်များကို မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်းမော်နှင့် ဖားကန့်မြို့များတွင် သြဂုတ်လ က စတင်ပြီး ဖြန့်ကျဲ ခြင်းပြုလုပ်လာသည်ဟု မြို့ခံများပြောသည်။
မြန်မာအစိုးရသည် တနိုင်ငံလုံးရှိ ပြည်သူများသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပတ်သက်ပြီး မဟုတ်မမှန်သတင်းအမှားများကို လုပ်ကြံ ဖန်တီး ရေးသား ဖြန့်ဝေခြင်းအားဖြင့် KIO အားစိတ်ဓါတ် စစ်ဆင်ခြင်း စတင်လိုက်သည်။  KIO နှင့် ၎င်း၏လက်နက်ကိုင် KIA အား ရှုတ်ချသည့် စာရွက်ငယ်များကို မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်းမော်နှင့် ဖားကန့်မြို့များတွင် သြဂုတ်လ က စတင်ပြီး ဖြန့်ကျဲ ခြင်းပြုလုပ်လာသည်ဟု မြို့ခံများပြောသည်။  KIO/KIA ရှုတ်ချစာများအား ကချင်ပြည်နယ် ဒုတိယအကြီးဆုံ ဗန်းမော်မြို့တွင် သြဂုတ် ၂၀ ရက်၊ စက်တင်ဘာ ၃ ရက်နှင့် ၅ ရက်နေ့များတွင် အာဏာပိုင်များ ဖြန့်ကျဲထားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများပြောသည်။  “အဲဒီပိုစတာတွေကို မြို့ထဲ မှာ အဓိက ဖြန့်ကြတာ။ တချို့သူတွေကျတော့ ဒါတွေကြောင့် ဒွိဟဖြစ်သွား ကြတယ်။ ဒါမဲ့ သိတဲ့လူတွေကျတော့လည်း အစိုးရရဲ့ ၀ါဒဖြန့်တာလို့ ပြောနေကြတယ်။” ဟု ဗန်းမော် မြို့ခံတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။  ၀ါဒဖြန့်စာရွက်များတွင် KIO/KIA သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိုဖျက်ဆီးသူ၊ အစိုးရနှင့်ငြိမ်းချမ်း ရေး ဆွေးနွေးရန် မလိုလားသူအဖြစ် ဖော်ပြထားပါသည်။  စက်တင်ဘာ ၆ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင်လည်း “ကေအိုင်အဖွဲ့အတွင်း ပဋိပက္ခပြင်းထန်၊ ငြိမ်းချမ်းရေး လိုလားသည့်အဖွဲ့နှင့် မလိုလားသည့်အဖွဲ့တို့ အစည်းအဝေးတစ်ခုတွင် စကားများပြီး အချင်းချင်းပစ်ခတ်၍ သေဆုံးဒက်ရာရမှုရှိ်” ဟု ရေးသားဖော်ပြခဲ့သည်။  သို့သော် ယင်းသတင်း “လုံးဝ မှန်ကုန်မှုမရှိကြောင်း” KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က စက်တင်ဘာ ၆ ရက် ည BBC နှင့် RFA မြန်မာပိုင်းအစီအစဉ်များတွင် တုန့်ပြန် ပြောဆိုသွားသည်။  ပထမဆုံး မြန်မာအစိုးရအဖွဲ့သစ်၏ သြဂုတ် (၁၂) ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင်လည်း KIO/KIA အား အဓိကထားကာ သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့အဖြစ် ရှုတ်ချခဲ့သည်။
KIO/KIA ရှုတ်ချစာများအား ကချင်ပြည်နယ် ဒုတိယအကြီးဆုံ ဗန်းမော်မြို့တွင် သြဂုတ် ၂၀ ရက်၊ စက်တင်ဘာ ၃ ရက်နှင့် ၅ ရက်နေ့များတွင် အာဏာပိုင်များ ဖြန့်ကျဲထားသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများပြောသည်။

“အဲဒီပိုစတာတွေကို မြို့ထဲ မှာ အဓိက ဖြန့်ကြတာ။ တချို့သူတွေကျတော့ ဒါတွေကြောင့် ဒွိဟဖြစ်သွား ကြတယ်။ ဒါမဲ့ သိတဲ့လူတွေကျတော့လည်း အစိုးရရဲ့ ၀ါဒဖြန့်တာလို့ ပြောနေကြတယ်။” ဟု ဗန်းမော် မြို့ခံတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

၀ါဒဖြန့်စာရွက်များတွင် KIO/KIA သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိုဖျက်ဆီးသူ၊ အစိုးရနှင့်ငြိမ်းချမ်း ရေး ဆွေးနွေးရန် မလိုလားသူအဖြစ် ဖော်ပြထားပါသည်။

စက်တင်ဘာ ၆ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင်လည်း “ကေအိုင်အဖွဲ့အတွင်း ပဋိပက္ခပြင်းထန်၊ ငြိမ်းချမ်းရေး လိုလားသည့်အဖွဲ့နှင့် မလိုလားသည့်အဖွဲ့တို့ အစည်းအဝေးတစ်ခုတွင် စကားများပြီး အချင်းချင်းပစ်ခတ်၍ သေဆုံးဒက်ရာရမှုရှိ်” ဟု ရေးသားဖော်ပြခဲ့သည်။

သို့သော် ယင်းသတင်း “လုံးဝ မှန်ကုန်မှုမရှိကြောင်း” KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က စက်တင်ဘာ ၆ ရက် ည BBC နှင့် RFA မြန်မာပိုင်းအစီအစဉ်များတွင် တုန့်ပြန် ပြောဆိုသွားသည်။

ပထမဆုံး မြန်မာအစိုးရအဖွဲ့သစ်၏ သြဂုတ် (၁၂) ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင်လည်း KIO/KIA အား အဓိကထားကာ သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့အဖြစ် ရှုတ်ချခဲ့သည်။

Most read this week