ရှမ်းမြောက် KIA တပ်မဟာ ၄ နယ်မြေသို့ မြန်မာအစိုးရတပ် တိုးချ

ရှမ်းမြောက် KIA တပ်မဟာ ၄ နယ်မြေသို့ မြန်မာအစိုးရတပ် တိုးချ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေသို့ မြန်မာအစိုးရတပ်အင်အားတိုးမြှင့်တပ်ချလာသည် ဟု ဒေသခံများ ပြောသည်။

masat_4_dapba_daju
ယခုအခါ ကွတ်ခိုင်အနီး လွယ်ကန်အခြေစိုက် တပ်မဟာ (၄) ဌာနချုပ်အနီးသို့ အစိုးရသစ္စာခံ ပြည်သူ့စစ်များ ပိုမိုလှုပ်ရှားလာသကဲ့သို့ ကွတ်ခိုင်-မူဆယ် တရုတ်နယ်စပ်ကုန်သွယ်လမ်းမ၏ ဘယ်ညာဘက်တွင်အခြေစိုက် သော KIA တပ်ရင်း(၈)နှင့် တပ်ရင်း(၉) နယ်မြေသို့လည်း အစိုးရစစ်အင်အားတိုးမြှင့်ချထား သည်ဟု ဒေသခံများဆိုသည်။

ကွတ်ခိုုင်-မူဆယ် ကားလမ်းလုံခြံုရေးအတွက် ကောင်းခါး အခြေစိုက် မထုနော်ဦးဆောင်သောကချင်ပြည်သူ့ စစ်အဖွဲ့ဝင်များကို တာဝန်ပေးထားသည်ဟု ဆိုသည်။

ယခင် ကချင်ကာကွယ်ရေးအဖွဲ့ (Kachin Defense Army) ကောင်းခါးပြည်သူ့အဖွဲ့မှ စစ်အင်အား ၈၀ ကျော်အား ယင်း ကားလမ်း လုံခြံုရေးအတွက် သြဂုတ် ၂၈၊ တနင်္ဂနွေနေ့က နေရာချထားပြီးပြီ ဖြစ်ကြောင်း KDA နှင့်နီးစပ်သူများပြောသည်။

ဇွန်လကတည်းက ၎င်းမြန်မာပြည်၏အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် မြန်မာအစိုးရတပ်များအား KIA ကခြံုခိုတိုက်ခိုက်မှုများရှိနေသဖြင့် ယခုကဲ့သို့ KDA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လမ်းမ လုံခြံုရေး တာဝန် ပေးခြင်းဖြစ်သည်

Most read this week