KIA မိုင်းကြောင့် မြန်မာစစ်သား ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

KIA မိုင်းကြောင့် မြန်မာစစ်သား ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင်၊ မံစီမြို့ နယ်၊ မိုင်းခေါင် (မုံးခေါင်) ဒေသတွင် KIA တပ်ရင်း (၂၇) ထောင်ထားသော မိုင်းကြောင့် သြဂုတ် (၂၇) ရက်တွင် မြန်မာအစိုးရစစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသည်ဟု ဒေသခံများပြောသည်။

munghkawng-Myenn

ဖြစ်ပွားရာနေရာသည် မိုင်းခေါင်ရွာအနီး လမ်းမပေါ်တွင်ဖြစ်ပြီး သေဆုံး ထိခိုက်ဒါဏ်ရာရရှိသော စစ်သား များ သည် မိုင်းခေါင်နယ်မြေတွင် ရောက်ရှိနေသည့် ဆားမှော် နယ်မြေခံတပ်ရင်း ခလရ (၁၀၅)မှ ဖြစ်သည်။

ထိုတပ်ရင်းသည် ဇူလိုင်လ ကတည်းက မန်ဂျေမြို့နယ်တွင် စစ်ကြောင်း ၂ ကြောင်းခွဲကာ စစ်ရေးလှုပ်ရှားမှု လာရာ သြဂုတ်လ (၁၁) ရက်နေ့တွင် တုန်ပုလွေရွာသား အပြစ်မဲ့ မောင်ထွန်းစိန် (အသက် ၁၅ နှစ်) ကို ပစ်သတ်ခဲ့သည်။

Most read this week