မောင် ထွန်းစိန်အား ခလရ (၁၀၅) က ပစ်သတ်

မောင် ထွန်းစိန်အား ခလရ (၁၀၅) က ပစ်သတ်
by -
ကချင်သတင်းဌာန

အသက် (၁၅) နှစ် ကလေး မောင် ထွန်းစိန်သည် မြန်မာစစ်တပ် မြောက်ပို်င်းတိုင်းစစ်ဌာနချုပ် (မပခ) အောက် ဆားမှော်အခြေစိုက် ခလရ (၁၀၅)မှ စစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

tungpalwe-Myen

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မှ မောင်ထွန်းစိန်အား ပန်ဆတ် (Pang Sak)ရွာ အနီး လယ်ကွင်း တွင် သြဂုတ် (၁၁) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီခွဲနှင့် (၃) နာရီကြား စစ်သားများ လိုက်လံပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပစ်သတ်မှုအား ဗိုလ်ကြီး ဇော်ညိုမြင့်ဦး ဦးဆောင်သော ခလရ (၁၀၅) စစ်ကြောင်း-၂ က ပြုလုပ်ခြင်းဖြစ် သည်ဟု ဒေသခံရွာသားများ ကချင်သတင်းဌာနသို့ ပြောသည်။

အစိုးရစစ်သားများကို ကြောက်လန့်သဖြင့် ထွက်ပြေးရန်ကြိုးပမ်းသော မောင်ထွန်းစိန်အား သူ၏ အဖွားက မပစ်ရန် အော်ဟစ် တောင်းပန်နေသည့်ကြား စစ်သားများ လိုက်လံပစ်ခတ်ခဲ့သည်ဟု ရွာသားများ ဆက် ပြောသည်။

မောင်ထွန်းစိန်သည် ပန်ဆတ်ရွာအနီး တုန်ပုလွေ ရွာတွင်နေထိုင်သူ ဦးမောက်ခမ်း၏ သားဖြစ်သည်။

ဗို်လ်ကြီး ဇော်ညိုမြင့်ဦး၏ စစ်ကြောင်းက တုန်ပုလွေရွာဘက်မှ ၎င်းးတို့တပ်စခန်းရှိရာ မုန်းခေါင် (Mung Hkawng) သို့အပြန် လမ်းတွင် ယခုကဲ့သို့ ကလေးအား ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုု ဒေသခံများပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ကတည်းက မုန်းခေါင်ဒေသတွင် စစ်ရေးလှုပ်ရှားနေသော ခလရ (၁၀၅)မှ စစ်ကြောင်း-၁ နှင့် ၂ အား ဒုတပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထက် က ကွပ်ကဲပါသည်။

ကလေးငယ်အားသတ်ဖြတ်ရာတွင် တာဝန်ရှိသူ ဗိုလ်ကြီး ဇော်ညိုမြင့်ဦးနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထက် တို့အား သက်ဆိုင်ရာ အာဏာပိုင်များမှ အရေးယူခြင်း ယခုထိ မရှိသေးကြောင်းသိရသည်။

Most read this week