KIA ခြံုခိုတိုက်ခိုက်မှုတွင် မြန်မာစစ်သား ၂ ဦးကျ၊ ၄ ဦးဒဏ်ရာရ

KIA ခြံုခိုတိုက်ခိုက်မှုတွင် မြန်မာစစ်သား ၂ ဦးကျ၊ ၄ ဦးဒဏ်ရာရ
by -
ကချင်သတင်းဌာန

မန္တလေး-မူဆယ်လမ်းပိုင်းတွင် သြဂုတ်လ ၂၄ရက် က မြန်မာစစ်သားများအားကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) က ခြံုခိုတိုက်ခိုက်ရာ မြန်မာစစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိသည်ဟု KIA သတင်း ရပ်ကွက်က ဆိုသည်။

kutkai-to-muse-road-Myan
မြန်မာစစ်သားများထံမှ သေနတ် (၂) လက်ကိုလည်း သိမ်းဆည်း ရရှိသည်ဟု ဆက်ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဘက်သို့ ဦးတည်ချီတက်သွားသည့် အင်အား ၂၀ ကျော်ရှိ မြန်မာစစ်သား များအား မုန်ဘော် (Mungbaw) တံတားအကျော် နမ်ဖတ်ကာ(Nampaka)မြို့မရောက်မီ လျှိုတစ်နေရာတွင် KIA တပ်မဟာ (၄)လက်အောက်ရှိ တပ်ရင်း (၉) တပ်သားများက ခြံုခိုတိုက်ခိုက်ခဲ့သည်ဟု ယင်းတပ်မဟာ မှ KIA အရာရှိများပြောသည်။

လွန်ခဲ့သည့် ၂ ပတ်ကျော်တွင်လည်း နမ္မတူ ဒေသတွင် မြန်မာစစ်သားများနှင့် KIA တပ်မဟာ (၄) လက် အောက်ရှိ တပ်ရင်း (၈) ကြားတိုက်ပွဲဖြစ်ပွားရာ မြန်မာစစ်သား ၂၀ ကျော် ကျဆုံးခဲ့ကြောင်း KIA တပ်ရင်း (၈) သတင်းရပ်ကွက်က ဆိုသည်။

Most read this week