မြန်မာအစိုးရအဖွဲ့သစ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အား KIO ပယ်ချ

မြန်မာအစိုးရအဖွဲ့သစ်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အား KIO ပယ်ချ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရအဖွဲ့သစ်၏ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အား တနိုင်ငံလုံးအတိုင်း အတာဖြင့် နိုင်ငံရေးဆွေးနွေးရန် မပါရှိဟုဆိုကာ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) က ပယ်ချလိုက် သည်။

mm_alin
“ကြေညာချက်မှာ နိုင်ငံရေးဆွေးနွေးဖို့မပါဘူး။ ငြိမ်းချမ်းရေးလို့ပဲပါတယ်။ ဒို့တာဝန်အရေး(၃)ပါး ဘောင်အတွင်းမှာ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေတယ်။ ဒို့တာဝန်အရေး(၃)ပါးက ၂၀၀၈ အခြေခံဥပဒေကို ရည်ညွှန်းတာဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့ အစည်းများအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မ ရှိ ဘူး။” ဟု KIO တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဆလန်ကဘာ လာနန် ပြောသည်။

သြဂုတ် (၁၈) ရက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြေညာချက်အမှတ် (၁/၂၀၁၁) တွင် ပါရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့အစည်းများအား တစ်ဖွဲ့ချင်း ဆွေးနွေးခြင်းဖြင့် ပဋိ်က္ခကိုဖြေရှင်းနိုင်မည် မဟုတ်ဟု သူက ဆက်ဆိုသည်။

“တစ်ဖွဲ့ချင်းစီအလိုက် တွေ့ဆုံဆွေးနွေးတာကို အရင် မဆလ ခေတ်မှာလည်း အများကြီးလုပ်ခဲ့ပြီးပြီ။ နဝတ နဲ့လည်း လုပ်ခဲ့တယ်။ နအဖ နဲ့လည်းလုပ်ခဲ့တာပဲ။” ဟုပြောဆိုသည်။

ကချင်အမျိုးသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ၁၉၆၁ ခုနှစ်မှ စတင်ကာ လက်နက်ကိုင်တော်လှန် ခဲ့သော KIO သည် တော်လှန်ရေးကောင်စီအစိုးရ၊ မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အစိုးရ၊ နဝတ (နိုင်ငံတော်ငြိပ်ဝပ်ပိပြားရေးနှင့်တည်ဆောက်ရေးအဖွဲ့) အစိုးရ၊ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) အစိုးရနှင့် တစ်ဖွဲ့ချင်း အကြိမ်ကြိမ်တွေ့ဆုံခဲ့သော်လည်းနိုင်ငံရေးဆွေးနွေးအဖြေရှာ နိုင်ခြင်း မရှိခဲ့ပါ။

ထို့အတူ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများကြား အခွင့်အရေးတန်းတူညီမျှမှု မ ရှိ သည်ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေးဆွေးနွေးအဖြေရှာနိုင်ခြင်းမရှိသည့်အတွက်လွတ်လပ်ရေး ရသည့် ၁၉၄၈ ခုနှစ်ကတည်းက ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်မှုများ စတင်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာသော အစိုးရအဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမည်ဆိုပါက KIO အနေဖြင့် တစ်ဦးချင်းဆွေးနွေးမည်မဟုတ်ဘဲ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့နေဖြင့်သာ နိုင်ငံရေးဆွေးနွေးသွားမည်ဟုဆိုကာ ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော ပြည်နယ်ညှိနှိုင်းရေးအဖွဲ့ကို ရှင်းလင်းစွာ ပြောဆိုထားပြီးဖြစ်ကြောင်း ဆလန်ကဘာ လာနန် ပြောသည်။

ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ၀၊ လားဟူ၊ ပလောင်၊ ပအို၀့် ဌာနေ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ ပါ၀င်သည့် UNFC (United Nationalities Federal Council) အား ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သောင်းကျန်းသူများဟု သြဂုတ် (၁၂) နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

Most read this week