ဗန်းမော်ခရိုင်တိုက်ပွဲတွင် မြန်မာစစ်သား ရ ဦးကျ

ဗန်းမော်ခရိုင်တိုက်ပွဲတွင် မြန်မာစစ်သား ရ ဦးကျ
by -
ကချင်သတင်းဌာန

သြဂုတ် ၁၈၊ ကြာသပတေးနေ့မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဝါဝမ်ကွမ် ဘန် တွင်ဖြစ်သော မနက်တိုက်ပွဲတွင်အစိုးရ စစ်သား ရ ဦးကျပြီး KIA စစ်သားတဦးဒဏ်ရာရ ရှိကြောင်း သိရသည်။

KIA-Burmese-government-warကျဆုံးသွားသော မြန်မာစစ်သားများသည် ဗန်းမော် နယ်မြေခံတပ်ရင်း ခလရ (၄၇) မှဖြစ်သည်ဟု စစ်တပ်နှင့်နီးစပ်သူများဆိုသည်။

ခြေထောက်ဒါဏ်ရာရရှိသော KIA တပ်ကြပ်မှာ ယခုချိန် KIA ထိန်းချုပ်ဒေသ မိုင်ဂျာယန်ဆေးရုံတွင် ရောက်ရှိနေပါသည်။

နှစ်ဖက်ကြား ၁ နာရီခန့်ဖြစ်ပွါးသော ယင်းတိုက်ပွဲတွင် အစိုးရစစ်တပ်မှ သေနတ် ၂ လက်ကို KIA သိမ်းဆီးရရှိသည်ဟု KIA အရာရှိများပြောသည်။

တိုက်ပွဲဖြစ်ရာဒေသ အင်မောက်မြို့နယ် ၀ါ၀မ်ကွမ်ဘန်သည် KIA တပ်မဟာ ၃၊ တပ်ရင်း ၁၅ နယ်မြေ ဖြစ်သည်။

မြန်မာစစ်အစိုးရအဖွဲ့သစ်သည် သြဂုတ် ၁၂ ရက်က ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး KIO/KIA အား “သောင်းကျန်းသူ အကြမ်းဖက်သမားအဖြစ်” ရှုတ်ချခဲ့ပြီးနောက် ၆ ရက်မြောက်တွင် ယခုတိုက်ပွဲ ဖြစ်လာသည်။

Most read this week