ကချင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးလိုလားကြောင်း ဗမာတိုင်းရင်းသားများ တောင်းဆို

ကချင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးလိုလားကြောင်း ဗမာတိုင်းရင်းသားများ တောင်းဆို
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဗမာတိုင်းရင်းသား ကိုယ်စားလှယ် (၁၆) ဦးကနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ကချင်ပြည်နယ်တွင်း ထာရဝ ငြိမ်းချမ်း ရေးဖော်ဆောင်ပေးရန်တင်ပြစာပေးပို့ ကြသည်။

ကချင်ပြည်နယ်အတွင်း “ကချင်မျိုးနွယ်စု၊ ရှမ်းမျိုးနွယ်စုများနှင့် ဘိုးဘောင်စဉ်ဆက် အတူတကွနေထိုင်ခဲ့ကြ သော ဗမာတိုင်းရင်းသားများက နိုင်ငံတော်အစိုးရနှင့် KIA (ကချင်လွတ်မြောက်ရေးတပ်ဖွဲ့) တို့ကကချင် ပြည်နယ်လူထု တစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ထာဝရငြိမ်းချမ်းရေးရရှိအောင်ဖော်ဆောင်ပေး ရန် မေတ္တာရပ်ခံပါသည်” ဟု သြဂုတ် ၁၈ အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
yashipi
ဗမာတိုင်းရင်းသားကိုယ်စားလှယ် (၁၆) ဦးတွင်ပါ၀င်သည့် ဦးခင်မောင်လှက KIA ဖက်သို့လည်း ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရန်မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း ကချင်သတင်းဌာနသို့အတည်ပြု ပြောသည်။

အလားတူ ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုနှင့် ကချင်မျိုးနွယ်စု လီဆူတိုင်းရင်းသားများကလည်း ထာဝရ ငြိမ်းချမ်းရေးအတွက် သမ္မတဦးသိန်းစိန်ထံ တင်ပြစာကို အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

သို့သော်ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဗမာတိုင်းရင်းသားအပါအဝင် အခြားတိုင်းရင်းသားကိုယ်စား လှယ်များ၏ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရန် သမ္မတကြီးထံတင်ပြစာအား အစိုးရ သတင်းစာ များတွင် ဖော်ပြခြင်းမျိုး သြဂုတ် ၁၉၊ သောကြာနေ့အထိ မတွေ့ရသေးပါ။

Most read this week