မြန်မာအစိုးရအဖွဲ့သစ်၏ ထုတ်ပြန်ချက်ကို KIO ပယ်ချ

မြန်မာအစိုးရအဖွဲ့သစ်၏ ထုတ်ပြန်ချက်ကို KIO ပယ်ချ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရအဖွဲ့သစ်၏ သြဂုတ် ၁၂ ရက်နေပြည် တော်တွင်ပြုလုပ်သော ပထမဆုံးသတင်းစာရှင်း လင်းပွဲမှ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)အား ရည်ရွယ်ရှုတ်ချချက်ပေါ် KIO က ပယ်ချခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရသစ်၏ သတင်းစာရှင်းလင်းပွဲသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများကို သောင်းကျန်းသူ၊ အကြမ်းဖက်အဖွဲ့အစည်း များအဖြစ် သတ်မှတ်ရှုတ်ချခြင်းသာဖြစ်သည်ဟု KIO ၏ သြဂုတ် ၁၇ ရက် တုန့်ပြန် ကြေညာချက်က ဆိုသည်။

သောင်းကျန်းသူများထဲတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ၀၊ လားဟူ၊ ပလောင်၊ ပအို၀့် လက်နက်ကိုင်အဖွဲ့များပါ၀င်သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ရှင်းလင်းခဲ့သည်။
mm_alinနိုင်ငံတော်အနေဖြင့် KIO အဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာတင်ပြချက်များကို အစွမ်းကုန်လိုက်လျောပြီးဖြစ်ကာ KIO အနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေးကို လိုလားမှု ရှိ/မရှိ မိမိကိုယ်မိမိ ဆန်းစစ်ရန်လိုသည်ဟု သြဂုတ် (၁၃) အစိုးရအာဘော်သတင်းစာတွင် ဖော်ပြထားသည်။

KIO ကမူ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းကာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးစစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန်ရည်ရွယ်၍ အစိုးရအဖွဲ့သစ်၏ရှေ့လုပ်ငန်း စဉ်များနှင့် မူ၊ သဘောထားများကို ၎င်း၏ ကြေညာချက်တွင် မေးမြန်းထားသည်။

ဆက်လက်ပြီး အစိုးရသတင်းစာတွင် ငြိမ်းချမ်းရေးသဘောတူညီချက် (၈) ချက်ကို KIO ကချိုးဖောက်ခဲ့ ကြောင်း ဖော်ပြထားရာ KIO ကမူ ၁၉၉၄ ဖေဖော်ဝါရီ (၂၄) ရက်တွင် ချုပ်ဆိုသော KIO နှင့် နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တည်ဆောက်ရေးအဖွဲ့)အစိုးရတို့၏ နှစ်ဦးနှစ်ဖက် သဘောတူညီချက် စာချုပ်ကို တနိုင်ငံလုံးသိရှိနိုင်ရန်အတွက် အစိုးရအဖွဲ့မှ ထုတ်ပြန်ဖော်ပြပေးရန်လည်း တောင်းဆိုထားသည်။

ထို့ကြောင့် KIO က အစိုးရအဖွဲ့သစ်၏ ပထမဆုံးအကြိမ်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသည်၎င်း၏ မူဝါဒများ၊ ပြည်သူနှင့် နိုင်ငံအတွက်ရှေ့လုပ်ငန်းစဉ်များ ထုတ်ပြန်ပြောဆိုခြင်းမဟုတ်ဟု ဆိုသည်။

သို့သော် ဦးကျော်ဆန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၃၈ အရ နိုင်ငံတော်အတွင်းရှိလက်နက် ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ပြဋ္ဌါန်းချက်ပါရှိသဖြင့် တိုင်းရင်းသားငြိမ်းချမ်းရေး အဖွဲ့များ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်၏ ကွပ်ကဲမှုအောက် တရားဝင် ရပ်တည်ရန် လိုအပ်သည်။ သို့မဟုတ် လက်နက်စွန့်ပြီး အရပ်သားဘဝ ခံယူကြရမည်ဟု ရှေ့လုပ်ငန်းစဉ်များကို ပြောဆိုသည်။

သမ္မတဦးသိန်းစိန်က အခြေခံဥပဒေပြင်ပက လုပ်ဆောင်မှုများကို လက်မခံဘဲ ထိုက်သင့်သည့် တာဆီး ကာကွယ်မှုများပြုလုပ်သွားမည်ဟုဆိုခြင်းသည် အစိုးရသစ်တွင် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းလိုသော သဘောထား ဆန္ဒမရှိကြောင်းတွေ့ရှိရပါသည်ဟု KIO မှ တုန့်ပြန်ခဲ့သည်။

Most read this week