ကချင်မြို့တော် မြစ်ကြီးနားတွင် မြန်မာအစိုးရဆန့်ကျင် ပိုစတာများ ကပ်

ကချင်မြို့တော် မြစ်ကြီးနားတွင် မြန်မာအစိုးရဆန့်ကျင် ပိုစတာများ ကပ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ သြဂုတ် ၅ ရက် တွင် ကျောင်းသားများလက်ရေးဖြင့်မြန်မာအစိုးရ ဆန့်ကျင် A-4 စာရွက် ၁၆၀၀ ကျော်လိုက်လံဖြန့် ကျဲခြင်း၊ ကပ်ခြင်းများပြုလုပ်ခဲ့သည်ဟုကျောင်း သား များပြောသည်။

Student-Postal
စာရွက်တွင် “ငြိမ်းချမ်းရေးချက်ချင်းပေး၊ ပြည်သူကိုမသတ်နဲ့၊ ပြည်သူကိုကာကွယ်ပေး၊ အကြမ်းဖက် လုပ်ရပ်များရပ်တန်းကရပ်၊ ပြည်သူ့ပစ္စည်းကိုမဖျက်ဆီးနဲ့” စသည့်အချက်များ ဖော်ပြထားသည်။

“ပြည်သူ့ဆန္ဒ” ဟု စာရွက်အောက်တွင် ရေးထားသော အစိုးရဆန့်ကျင် ပိုစတာများကို မြစ်ကြီးမြို့၏ အဓိက (၉) ရပ်ကွက်တွင် ဖြန့်ဝေခဲ့ကြောင်း ကျောင်းသားများ ပြောသည်။

သြဂုတ်လ ၈ ရက်နေ့သည် ကျောင်းသားများစတင်ခဲ့သည့် မြန်မာပြည်တွင် အကြီးဆုံး ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး၏ ၂၃ နှစ်ပြည့်နေ့ ဖြစ်သည်။

Most read this week