မြန်မာအစိုးရ ငြိမ်းချမ်းရေး ညှိနှိုင်းရေးအဖွဲ့နှင့် KIO တွေ့ဆုံ

မြန်မာအစိုးရ ငြိမ်းချမ်းရေး ညှိနှိုင်းရေးအဖွဲ့နှင့် KIO တွေ့ဆုံ
by -
ကချင်သတင်းဌာန

ငြိမ်းချမ်းတည်ငြိမ်ရေးနှင့်ညှိနှိုင်းရေးအဖွဲ့ဝင်များ သည် KIAနှင့် မြန်မာစစ်တပ်မတော်ကြားအပစ် ရပ်စဲရန် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ လဂျားယန် ကျေးရွာရှိ KIO ဆက်ဆံရေးရုံး၌ ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးနေသည်။

Pan_Awng

“ငြိမ်းချမ်းရေးပါပဲ။ ငါတို့ပြည်နယ် နိုင်ငံရေး ပစ်စလက်ခက် ဖြစ်နေတယ်။ ငါတို့ပြည်သူတွေအားလုံးမျှော်လင့် နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လာခဲ့တာ ဖြစ်တယ်။” ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) မှ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်မှ ဆိုသည်။

ကချင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ ဦးဆင်ဝါးနော၊ မြစ်ကြီးနားမြို့ အမျိုးသားလွှတ်တော် ဦးခက်ထိန်နန် တို့မှ အစိုးရ ကိုယ်စားလှယ်အဖြစ် လာရောက် ဆွေးနွေးခြင်း ဖြစ်ကာ KIO ဘက်မူ ဒူကဘာ ကွမ်မော် ဦးဆောင်သည့် ဒူကဘာ ဇော်တောင်၊ ဒူကဘာ ဂျီနောင်၊ ဒူကဘာ ဇော်ရော၊ ဒူကဘာ နော်ခမ် တို့ပါဝင်ဆွေးနွေးခဲ့ကြသည်။

“အပစ်ခက်ရပ်စဲဖို့ လက်မှတ်ထိုးဖို့လာတယ်။ ဒါမယ့် နှစ်ဖတ်ညှိနှိုန်းလို့ မပြီးသေးဘူး။ မနက်ဖြန်ပြန်ဆွေးနွေး ဦးမယ်။” ဟု ဦးဆင်ဝါးမှ ဆက်ဆိုသည်။

KIOကမူ တနိုင်ငံလုံး အပစ်ရပ်ရန် အတွက်သာ တောင်းဆိုနေသည့် အပေါ် နိုင်ငံတော် ဗဟို အစိုးရမှ တုန့်ပြန်မှု မလုပ်သေးကြောင်း သိရသည်။ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် KIOတို့ကြား မနက်ဖြန်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဦးဆင်ဝါးမှ ဆိုသည်။

အစိုးရမှ KIO အား အပစ်ရပ်စဲရန် အလေးထား ပြုလုပ်နေခြင်းကို ဦးဆင်ဝါးမှ “ငါတို့တစ်ခုပဲ ငြိမ်းချမ်းရေး ယူရင် မကောင်းဘူးဆိုပြီး  အားလုံးငြိမ်းချမ်းရေး ယူရအောင်ဆိုတဲ့ သဘောပါ။ တခြားသူတွေကလည်း ငြိမ်းချမ်းရေး ယူဖို့ ကမ်းလှမ်းတာမှ မရှိတာ..။ အစိုးရကတော့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရဖို့ အတွက်ပဲ လိုလားတာပေ့ါ။” ပြောသည်။

မြန်မာအစိုးရနှင့် KIOတို့ကြား အပစ်ရပ်စဲရန်ရေး တစ်ခုတည်းကိုသာ ဦးစားပေး ဆွေးနွေးနေပြီး နိုင်ငံရေးကိုမူ လုံးဝ ဆွေးနွေးမှု မရှိသေးပေ။

Most read this week