မြန်မာစစ်တပ် ရန်ပြုလာမည် ဖားကန့် ကချင်လူငယ်များ စိုးရိမ်နေ

မြန်မာစစ်တပ် ရန်ပြုလာမည် ဖားကန့် ကချင်လူငယ်များ စိုးရိမ်နေ
by -
ကချင်သတင်းဌာန

ကချင်ပြည် ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီးတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ် တပ်မတော်ကြား စစ်ဖြစ်ပွားမှုကြောင့် ၎င်းဒေသခံ များ ရှိ ကချင်လူငယ်များစိုးရိမ်ကြောက်လှန့်နေကြ သည်။

hpa_kan

“ကျတော်တို့ ဒီမှာ မနေရဲတော့ဘူး။ မြို့ထဲမှာပဲ သွားနေချင်တယ်။ လူငယ်တွေ အားလုံးလည်း ကြောက်နေကြတယ်။ မြန်မာစစ်တပ်က KIA တစ်ခုတည်းကိုပဲ မဟုတ်ဘူး ကချင်လူငယ်တွေကို ပါ သတ်ချင်နေကြတာ။” ဟု ကားမိုင်းမြို့ခံ လူငယ်တစ်ဦး ဆိုသည်။

မြန်မာစစ်တပ်မတော်သည် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့မှ စပြီး ဖားကန့်မြို့သို့ ခြေလျင်တပ်ဖြင့်စစ်အင်အား များ တိုးချဲ့ ဝင်ရောက်လာသည်။

ဇူလိုင် ၂၆ရက်နေ့ ၃၅ဦးနှင့် ဇူလိုင် ၂၇ရက်နေ့တွင် ၃၆ဦးတို့ ချီတက်လာကာ ယမန်နေ့တွင် ငှက်ပြောဖူးလောင် ချာ နှစ်လက်နှင့် အမြောက် တစ်လက်ပါ ထမ်းလာခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေတစ်ဦးမှ ပြောသည်။

“တနင်္ဂလာနေ့က သူတို့က တစ်သုတ်ပြီး တစ်သုတ်တက်လာတယ်။ တစ်သုတ်ကို တစ်မိုင် တစ်မိုင်စီကွာတယ်။ မိုးကောင်းမြို့ထဲကိုတော့ မဝင်ဘူး၊ ဂေါင်ရီကျေးရွာကနေ တောကိုဝင်ပြီး ဖားကန့်ကို တက်သွားတယ်။ စစ်ဝတ်စုံ၊ သေနတ်တွေနဲ့ဆိုတော့ ကျတော်တို့ အဲ့တာ မြင်ပြီး ကြက်သီးတောင် ထတယ်။”

ဇူလိုင် ၂၆ရက်နေ့တွင် ဖားကန့် မှော်ဝမ်းအထွက်တွင် ဗုံးပေါက်ကွဲမူကြောင့် မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦး ပွဲခြင်းပြီး သေဆုံးကာ နှစ်ဦးမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း ဖားကန့်မြို့ခံမှ ဆိုသည်။

အဆိုပါ နို်င်ငံရေးမတည်ငြိမ်မှုကြောင့် ကချင်လူငယ်များသည် မိမိနေထိုင်ရာ ဒေသပတ်ဝန်းကျင်မှထွက်ပြေး တိမ်းရှောင် နေချင်သည်ဟု ဆိုသည်။

Most read this week