မြန်မာအစိုးရနှင့် KIO အပစ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမည်

မြန်မာအစိုးရနှင့် KIO အပစ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမည်
by -
ကချင်သတင်းဌာန

စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ အပစ်ရပ် ဆိုင်း ရေး စာချုပ် ချုပ်ဆိုရန် ရှိသည်ဟု နှစ်ဖက် သတင်းရပ်ကွက်က ဆိုသည်။

TheinSein-ZawngHra

အပစ်ရပ်ဆိုင်းရေးစာချုပ်ကို ကချင်ပြည်နယ်အစိုးရနှင့် KIO တို့ချုပ်ဆိုရန်ဖြစ်သည်။

မြန်မာအစိုးရဖက်မှ အဆင်သင့်ဖြစ်ပါက အပစ်ရပ်ဆိုင်းရေးစာချုပ်ကို ပြီးခဲ့သည့်လက တွေ့ဆုံခဲ့သည့်မြစ်ကြီးနား- ဗန်းမော်လမ်းဘေး လဂျားယန်ကျေးရွာတွင် လက်မှတ်ရေးထိုးသွားရန်ရှိသည်ဟု လိုင်ဇာ ဌာနချုပ်မှ KIOအရာရှိ များပြောသည်။

အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် လက်မှတ်ရေးထိုးရန် ကြန့်ကြာနေရခြင်းမှာ KIO က မြန်မာအစိုးရဘက်မှ ပါ၀င်လက်မှတ်ရေးထိုးမည့် အစိုးရကိုယ်စားလှယ်များကို လက်မခံ နို်င်သောကြောင့် ဖြစ်သည်ဟု လို်င်ဇာ KIO အရာရှိများပြောသည်။

KIO ဖက်မှ လက်ခံနိုင်သည့် ကိုယ်စားလှယ်များ မြန်မာအစိုးရစေလွှတ်မှသာ အပစ်အခတ်လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်လာမည်ဟု ဆက်ဆိုသည်။

ပြီးခဲ့သည့်အပတ်က KIO က ၎င်းတို့ပေးပို့ထားသော အပစ်ခတ်ရပ်ဆိုင်းရေးနှင့်ပတ်သက်၍ မြန်မာသမ္မတ သိန်းစိန် ထံမှ အကြောင်းပြန်ကြားစာရရှိခဲ့သော်လည်း လူသိရှင်ကြားထုတ်ဖော်ခြင်းပြသခြင်းမရှိသေးဟု ဆိုသည်။

ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ ကြားဝင်ပေးမှုဖြင့် ဇွန် ၉ ရက် မှ စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း နှစ်ဖက် ကြား ၃ ကြိမ်တွေ့ဆုံခဲ့သည်။

ယင်းသို့ ၃ ကြိမ်တွေ့ဆုံပြီးနောက် နှစ်ဖက် ကြား အပြန်အလှန် စာဖြင့် ရေးသားဆက်သွယ်နေကြသည်ဟုဆို သည်။

ကချင်ပြည်နယ်အစိုးရက ဖက်စ် ဖြင့် ဇူလိုင် ၂၅၊ ယမန်နေ့က KIO ထံစာရေးသားပေးပို့လာပြီး ဇူလိုင် ၂၆၊ယနေ့ ပင် KIO ဖက်မှ အပစ်ခတ်ရပ်ဆိုင်းရေးနောက်ဆုံး ညှိနှိုင်းဆွေးနွေးမှုကို ပြန်လည်ပေးပို့ခဲ့သည်ဟု လိုင်ဇာမှ KIO အရာရှိများပြောသည်။

ဇွန် ၁၂-၁၃ ရက်တွင်ပြုလုပ်သည့် လိုင်ဇာလူထုအစည်းအဝေးတွင် အပစ်အခတ်ရပ်ဆိုင်းရေးကို လက်မခံကြ သည့် ကချင်လူထုကို်ယ်စားလှယ်များအား KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်က နိုင်ငံရေးဆွေးနွေး အဖြေရှာရေးအတွက် ၆ လတာကာလအတွက်သာ အပစ်အခတ်ရပ်ဆိုင်းမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုမရှိပါက အပစ်အခတ်ရပ်ဆိုင်းမှု ချက်ချင်းပြတ်ပျယ်သွားမည်ဟု ပြောဆိုသွားသည်။

Most read this week