ပိန်းခင်းအသွား မိုင်းနင်းမိပြီး အမျိုးသမီးကြီး တစ်ဦး သေဆုံး

ပိန်းခင်းအသွား မိုင်းနင်းမိပြီး အမျိုးသမီးကြီး တစ်ဦး သေဆုံး
by -
ကချင်သတင်းဌာန

ယနေ့ မြစ်ကြီးနား-လိုင်ဇာကားလမ်း မြစ်ကြီးနားမှ ၃၆ မိုင်အကွာ ဂါးရာယန်ကျေးရွာအနီး ယာခင်း သွားသည့် အမျိုးသမီးကြီးတစ်ဦး မိုင်းနင်းမိကာ ၀ိုင်းမော်ဆေးရုံတွင်ရောက်ရှိပြီးနောက်သေဆုံးသွားသည် ဟုဒေသခံများ ပြောသည်။

burmese_sdc

“မနက်ပိုင်းက အသံကြားလိုက်တယ်။ ကားလမ်းမနဲ့ သိပ်မဝေးတဲ့ ပိန်းခင်းမှာ အမျိုးသမီးကြီးတစ်ယောက် မိုင်းနင်းမိတာ။ အမျိုးသမီးနာမည်က ဂျာရော်၊ ၀ိုင်းမော်ဆေးရုံကို ပို့လိုက်တာ ခုကြားတော့ ဆုံးသွားပြီတဲ့။” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန် ၉ ရက် ကစပြီး ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား နေ့စဉ်လိုလို စစ်ပွဲများ ဖြစ်ပွားနေပါသည်။ ယင်းမိုင်းအား မည်သည့်အဖွဲ့ ထောင်ထားသည်ကို မသိနိုင်သေးပါ။ 

ဇူလိုင် ၂၀ ရက်ညကလည်း ဂါးရာယန်နှင့် ကဇူးကြားရှိ ပုံမွေခ (Pung Mwi Hka) ချောင်းတံတားကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဗုံးဖေါက်ခွဲမှုကြောင့် ကျိုးကျပျက်စီးသွားခဲ့သေးသည်။

ယခုအခါ ၎င်းဒေသရှိကျေးရွာသူရွာသားများကို ရပ်ရွာမှ တိမ်းရှောင်ကြရန် မြန်မာစစ်တပ် ပြောဆိုထားသည်ဟုဆိုသည်။

လူဦးရေ ၁၀၀၀ ခန့်ရှိ ဂါးရာယန်ကျေးရွာသည်ယခုအခါ ၁၀၀ ခန့်ပင်မရှိတော့ကြောင်းဒေသခံများပြောသည်။

“အရင်တုန်းက တနင်္ဂနွေနေ့ဝတ်ပြုစည်းဝေးမှာ လူ ၂၀၀ ကျော် ၃၀၀ လောက်ရှိတယ်။ ခု ပြီးခဲ့တဲ့အပတ်မှာ လူ တစ်ဆယ် နှစ်ဆယ် ပဲရှိတော့တယ်။” ဟု ဂါးရာယန် ဒေသခံတစ်ဦးပြောသည်။

ထိို့အတူ ဂါးရာယန်နှင့် တစ်ဆက်တည်း ကဇူးကျေးရွာသားများကိုလည်း မြန်မာစစ်တပ်က နေရပ်စွန့်ခွာ စေကာ လူဦးရေ ဆယ်ဂဏန်းတာ ကျန်ရှိသည်ဟု ဆိုသည်။

တိမ်းရှောင်ကြသူများသည် ၀ုိင်းမော်၊ မြစ်ကြီးနား၊ လိုင်ဇာဘက်သို့ သွားရောက်ကြသည်ဟု ဆိုသည်။

Most read this week