ည KIA ဗုံးခွဲမှုကြောင့် ဂါးရာယန် တံတား ကျိုးကျ ပျက်စီး

ည KIA ဗုံးခွဲမှုကြောင့် ဂါးရာယန် တံတား ကျိုးကျ ပျက်စီး
by -
ကချင်သတင်းဌာန

မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ မြစ်ကြီးနားမှ ၃၆ မိုင်အကွာ ဂါးရာယန်(Gara Yang) နှင့် ကဇူး(Kasu) ကြားမှ ပေ ၄၀ ကျော်ရှည်သည့် သံကူကွန်ကရစ် ပုံမွေခ (Pung Mwi Hka) ချောင်းတံတား ဇူလိုင် ၂၀၊ ဗုဒ္ဓဟူးနေ့ည ၁၁ နာရီကျော်ချိန် KIA ဗုံးခွဲမှု ကြောင့် ကျိုးကျ ပျက်စီးသွားသည်ဟု ဒေသခံ မျက်မြင်များပြောသည်။

kachin_soldier_0718

ယင်းတံတားသည် KIO/KIA ဌာနချုပ် လိုင်ဇာနှင့် ဆက်သွယ်သော အဓိကလမ်းမတွင် တည်ရှိသည်။

“အုတ်မြစ်ချလာတဲ့အပိုင်းပါ ပါမယ်ဆိုရင် ပေ ၁၀၀ ကျော်တယ်။ ခု ရေထဲကျိုးကျသွားတဲ့အပိုင်းက ပေ လေး ငါးဆယ် ရှိမယ်။ ခုဖြတ်နေသည့်သူတွေ ရေကူးပြီး ဖြတ်ကြတယ်။ ကားတော့ဖြတ်လို့မရဘူး။လိုင်ဇာသွားတဲ့ ကားတွေ ခေါက်ပြန်သွားကြတယ်။” ဟု ဒေသခံ တဦး ပြောသည်။

Most read this week