ကချင်အမျိုးသမီး ၃၂ အားမြန်မာစစ်တပ် က အဓ္ဓမပြုကျင့်

ကချင်အမျိုးသမီး ၃၂ အားမြန်မာစစ်တပ် က အဓ္ဓမပြုကျင့်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်တွင် မြန်မာအစိုးရနှင့် KIO ကြား ပြည်တွင်း စစ် စတင်လာချိန် ကချင်အမျိုးသမီး ၃၂ ဦးအားအစိုးရ စစ်သားများ အဓ္ဒမပြုကျင့်ပြီး၎င်းတို့ ထဲမှ ၁၃ဦးအား သတ်ဖြတ်လိုက်သည်ဟ ုထိုုင်း အခြေစိုက် ကချင်အမျိုး သမီး အဖွဲ့ (KWAT)က ဇူလိုင် ၁၉ ရက်တွင်ကြေညာချက်ထုတ်ပြန်လိုက် သည်။

kachin_refu

“ဒီလိုမဖြစ်အောင် မြန်မာအစိုးရကို ဖိအားပေးသွားဖို့အတွက် နိုင်ငံတကာကိုတင်ပြသွားမယ်။ နောက်ပြီး အခုလို တွေ့ကြံုလိုက်ရတဲ့သူတွေကို တွေ့ဆုံဆွေးနွေး နှစ်သိမ့်ပညာပေးတာတွေလုပ်သွားဖို့ရှိတယ်။” ဟု KWAT (Kachin Women’s Association Thailand) ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရှယ်လီဆိုင်း (Shirley Seng) ပြောသည်။

ယခုကဲ့သို့ မြန်မာစစ်တပ်က ဒေသခံ အမျိုးသမီးများအပေါ် အဓ္ဓမကျင့်မှုအပြင် ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးနှိပ်စက်မည်ကို ကြောက်ရွံ့ကာ ပြည်သူအများအပြား ၎င်းတို့အိုးအိမ်များစွန့်ကာ ထွက်ပြေးလာခဲ့သည်။

တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ ဒေသများနှင့် မြန်မာစစ်တပ် ထိ်န်းချုပ်ရာ မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်းမော်၊ မိုးညှင်း မြို့ပေါ်ဒေသများသို့ ရောက်ရှိနေသည့် စစ်ပြေး စုစုပေါင်း ၁၆၀၀၀ ကျော်ပြီဖြစ်သည်။

“အချိန်မနှောင်းခင် မြန်မာနိုင်ငံတဝှမ်း အပစ်အခတ်ရပ်စဲရန် အထူးသဖြင့် တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာ ကနေ အတူတကွပူးပေါင်းကာ မြန်မာအစိုးရကို ဖိအားပေးသွားဖို့ လိုတယ်။” ဟု ဒေါ် Shirley Seng က ၎င်းကြေညာချက်တွင် ထပ်ဆိုထားသည်။

ဒုက္ခသည်များအား ဒေသတွင်းအဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်ပေးမှုဖြင့်သာ မလုံလောက်သောကြောင့် နိုင်ငံတကာမှ အကူအညီများ လိုအပ် လျက်ရှိသည်ဟု ဖော်ပြထားသည်။

Most read this week