ကချင် တောင်ပိုင်းတိုက်ပွဲတွင် မြန်မာ တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ

ကချင် တောင်ပိုင်းတိုက်ပွဲတွင် မြန်မာ တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ
by -
ကချင်သတင်းဌာန

လိုင်ဇာ ဗဟိုဌာနချုပ် အနီးတွင် နေရာယူထားတဲ့ KIA စစ်သားတစ်ဦး။ ဓါတ်ပုံ-ကချင်သတင်းဌာန ကချင် ပြည်နယ်တောင်ပိုင်း မန်မော် (ဗန်းမော်) ခရိုင်မန်ဂျေ (မံစီ) မြို့နယ်တွင် ဇူလိုင် ၁၉၊ အင်္ဂါနေ့ နံနက်တိုက်ပွဲ ဖြစ် ပွားရာ မြန်မာအစိုးရဘက် တပ်ရင်း မှူး ၁ ဦး နှင့် တပ်သား ၃ ဦး ကျဆုံးသည် ဟု ကချင်လွတ်မြောက် ရေး တပ်ဖွဲ့ (KIA) အရာရှိ များ ပြောသည်။

KIA_soldier

မိုးမိတ်(မုန်းမိတ်)နယ်မြေခံ ခမရ ၃၄၈ နှင့် ဗိုလ်မှူး ဇော်ဂမ်ဦးဆောင်သည့် မန်ဂျေဒေသမှ KIA တပ်ရင်း ၁၂ တို့သည် မဘိန်းအနီး၊ ခါချင်ရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ကြသည်ဟု ဌာနချုုပ်လိုင်ဇာ မှ KIA အရာရှိများ ပြောသည်။

မြန်မာစစ်တပ်မှ သေနတ် ၃ လက်ကိုလည်း KIA သိမ်းဆည်းရရှိသည်ဟု ဆက်ဆိုသည်။

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်နိမိတ်ကြား ဇူလိုင် ၁၆ ရက် ကတည်းက နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။

ဇူလိုင် ၁၈၊ တနင်္လာနေ့က နှစ်ဖက်စစ်ဖြစ်နေချိန် KIA ဒု-တပ်ကြပ် လတောင် အား အစိုးရစစ်တပ်မှလက်နက် နှင့် အတူ အရှင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့သည်ဟု KIA တပ်ရင်း ၁၂ က ဆိုသည်။

ယခုကဲ့သို့ မြန်မာစစ်သားများ ကျဆုံးပြီးနောက်လည်း ထိုဒေသတွင် ညနေပိုင်းအထိ တိုက်ပွဲများဆက်လက် ဖြစ် ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။

မြန်မာနိုင်ငံအနှံ့ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် မြန်မာအစိုးရကြား စစ်မှန်သည့်နိုင်ငံရေးဆွေး နွေးမှုမရှိလျှင် အပစ်မရပ်ရန် ဒေသအသီးသီးမှ ကချင်လူထုကို်ယ်စားလှယ်များက KIO ထံ အကြံပြုဆွေးနွေး သွားကြသည့် ဇူလိုင် ၁၂-၁၃ လိုင်ဇာအစည်းအဝေးအပြီး KIO ကြေညာချက် ထွက်ပေါ်လာပြီးနောက် မြန်မာ စစ်တပ်နှင့် KIA ကြား တိုက်ပွဲ အရှိန် မြှင့်လာသည်။

ဆက်လက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ အရပ်ဖက် စစ်ဖက် ခေါင်းဆောင်များ ဇူလိုင် ၁၈ ရက်မှ စတင်ကာ အရေးပါသောအစည်းအဝေးတစ်ခု လိုင်ဇာဌာနချုပ်တွင် ၂ ရက်ကြာ ကျင်းပခဲ့သည်။

Most read this week