ရွှေမထွက်သောကြောင့် ရဝမ်ပြည်သူ့စစ်များ ထွက်ပြေး

ရွှေမထွက်သောကြောင့် ရဝမ်ပြည်သူ့စစ်များ ထွက်ပြေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုခရို်င်ခေါင်လံ ဖူးမြို့နယ် တွင် တပ်ဖွဲ့ရွှေကွက်မှ ရွှေမထွက်သဖြင့် သောင်းကျန်းသူ ဆန့်ကျင်ရေးတပ်ဖွဲ့ (Rebels Resistance Army, RRF)ခေါ် ရဝမ်ပြည်သူ့စစ် အဖွဲ့ဝင်များ ထွက်ပြေးနေကြကြောင်း ဒေသခံများ ပြောသည််။

“အဒန်ရဲ့တပ်တွေ ရွှေတွင်းကနေ ပိုက်ဆံရမယ်ဆိုပြီး တပ်ထဲဝင်ကြတယ်၊ ဒါမဲ့ရွှေမထွက်ဘဲ ပိုက်ဆံမရတော့ တပ်ကနေ ထွက်ပြေးကြတယ်။” ဟု ဒေသခံတစ်ဦးပြောသည်။

တန်ဂူးတန် (Tanggu Dang a.k.a Ah Dang) ဦးဆောင်သည့် RRF တပ်ဖွဲ့သည် ကချင်ဒီမိုကရေစီသစ် တပ်မတော် (New Democratic Army-Kachin, NDA-K)၊ ယခုနယ်ခြားစောင့်တပ်မှ ခွဲထွက်လာကာ ထိုချိန်က မြောက်ပိုင်းတိုင်းစစ်ဌာနချုုပ် တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် (ယခု ဖားကန့်ပြည်သူ့လွှတ်တော် ကြံံ့ခိုင်ဖွံ့ဖြိုးရေး အမတ်၊ သမဝါယမဝန်ကြီး)က ၂၀၀၅ ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းပေးခဲ့သည်။

ကျောက်စိမ်းလောပန်း စီးပွားရေးသမား (ယခင် NDA-K ဘဏ္ဍာရေးတာဝန်ခံ) အတန်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပူတာအိုခရိုင်ကိုယ်စားပြု အမျိုးသားလွှတ်တော်အမတ်အတွက် ကြံ့ခိုု်င်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင် မ ရရှိခဲ့ပေ။

ယခုအခါ RRF တပ်ဖွဲ့ဝင် ၆၀ ခန့် ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်ဖွဲ့ (KIO/KIA) ဌာနချုပ်လိုင်ဇာအနီး ရှေ့တန်းရောက်နေသည်ဟု ၎င်းတို့နှင့်နီးစပ်သည့် ပူတာအိုဒေသခံများပြောသည်။

ယခင်က ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွင်လည်း RRF တပ်ဖွဲ့ဝင် ၂၀၀ ခန့် ဆန္ဒပြသံဃာတော် များအား အကြမ်းဖက်နှိမ်နင်းရာတွင် ပါ၀င်စေခဲ့သည်ဟု ထပ်ဆိုသည်။

4_Rawang_N-gawn_Hpyen

Most read this week