မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး မလုပ်ရန် KIO ဆွေးနွေး

မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး မလုပ်ရန် KIO ဆွေးနွေး
by -
ကချင်သတင်းဌာန

မြန်မာစစ်တပ်ကို ဆက်လက် လက်နက်ကိုင်  တော်လှန်တိုက်ခိုက်ရန် ကချင်ပြည်သူများက သဘောတူ သဖြင့် KIA ဌာနချုပ်မှတာဝန်ရှိသူများ က အပစ်ခတ်ရပ်စဲရေး မလုပ်တော့ရန်ပြောဆိုညှိနှိုင်း ကြပါသည်။

“လူကြီးတွေက အပစ်ခတ်ရပ်ဆဲဖို့ဘယ်သူမှ မပြောတော့ဘူး ဘယ်လိုဆက်တိုက်မယ်ဆိုတာကိုပဲပြောကြ တယ်။ ဌာနချုပ်က လူကြီးတွေအားလုံးက တိုက်ခိုက်ဖို့ပဲပြောနေတယ်” ဟုကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ဥက္ကဌနှင့် နီးစပ်သူတဦးက ပြောသည်။
KIO_Ningbaw_Zawng_Hra
အစည်းအဝေးကို ကချင်ပြည်နယ် KIO မြို့တော်လိုင်ဇာ တနေရာတွင် ဇူလိုင်လ ၁၆ ရက်နေ့တွင်နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သည်။ ၎င်းအစည်းအဝေးတွင် KIA ဘက်မှ တာဝန်ရှိပုဂ္ဂိုလ် (၁၈)ဦးခန့် တက်ရောက်ပြီး ပြောဆို ညှိနှိုင်းကြခြင်းဖြစ်သည်။

“မြန်မာစစ်တပ် တို့ကလည်း တစ်ကယ်တမ်း စိတ်ထဲမှာပါလို့ပြောတာမဟုတ်ဘူး။ နိုင်ငံရေး ကစားတာပဲ ဒါကြောင့် တိုက်ပွဲအကြီးဖြစ်သွားဖို့က ပိုများနိုင်တယ်လို့ ဥက္ကဌကပြောတယ်။” ဟု ဥက္ကဌနှင့် နီးစပ်သူတဦးက ဆက်လက်ပြောကြားသွားသည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ အလဲန့်ဘွမ် (Alen Bum)တွင် ပြီးခဲ့သည့် ဇွန်လှိုင် ၁၂ ရက်မှ ၁၃ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားသော လူထုသဘောထား တင်ပြဆွေးနွေးမှုတွင် မြန်မာစစ်တပ်နှင့် KIA အပစ်ရပ်စဲရေးကို ကချင်ပြည်သူများက ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

Most read this week