အစိုးရစစ်တပ်မှ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှုတွင် ဒေသခံများ ထိခိုက်ဒာဏ်ရာရ

အစိုးရစစ်တပ်မှ လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှုတွင် ဒေသခံများ ထိခိုက်ဒာဏ်ရာရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်သွားရာလမ်း ကားမှိုင်း ကထန်ကျေးရွာတွင် ဇွန်လိုင်လ ၁၁ ရက်နေ့ နံနက် မြန်မာစစ်တပ်လက်နက်ကြီး စမ်းသပ်ပစ်မှုနှင့် မြေမြုပ် မှိုင်းပေါက်ကွဲမှုကြောင့် ရွာသား ၁၀ယောက်ထိဒာဏ် ရာ ရရှိခဲ့သည်။

kachin-army

ကထန်ကျေးရွာဒေသခံများ လယ်တောဆင်းချိန် နံနက် ၉ နာရီခန့်တွင် အမြှောက်ပစ်ခတ်ခဲ့ခြင်းဖြစ်၍ ၎င်းတို့အား မြစ်ကြီးနားဆေးရုံတွင် ထားရှိကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးပြောသည်။

“မြစ်ကြီးနားဆေးရုံမှာ အရေးပေါ်ခန်းမှာ ၁၁ ယောက်ပေါ့နော် ကျန်တဲ့လူတွေကိုလည်း အထူးအရိုးကုခန်းမှာ ဆေးကုသနေတယ်။ ခုဒီဟာဖြစ်ပုံက ခလရ (၂၄) ကနေ အမြှောက်ပစ်ခတ်တဲ့ အတွက်ကြောင့်မို့ လယ်တောထဲမှာရှိတဲ့တောင်သူတွေကို ထိခိုက်ဒာဏ်ရာရရှိတယ်လို့ ကျွန်တော်တို့သိရတယ်။ တစ်ခုက ဗုံးနင်းမိတဲ့အတွက်ကြောင့်မို့ ထိခိုက်ဒာဏ်ရာရတယ်လို့သိရပါတယ်။”

ကားမိုင်းဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် အစိုးရတပ်များကြား တင်းမာမှုမရှိသည့်နေရာဖြစ် သောကြောင့် မိမိဒေသခံများအသက်မွေးဝမ်းကျောင်းသွား လာလှုပ်ရှားရာနေရာများတွင် မှိုင်းမြုပ်ထားခြင်း မရှိဟု KIO တွဲဖက်အတွင်းရေးမှူး ဦးလာနန်ပြောဆိုသွားသည်။

“အဲကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ရှေ့တန်းမှာရှိ နေသလောက်ရဲဘော်တွေကို စုံစမ်းပြီးပြီ အဲဒီဒေသမှာ အဲဒီဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲဘော်တွေ အဲမှာမရောက်ဘူး ဒါကြောင့်မို့ ဖြစ်သွားတဲ့မှိုင်းကွဲမှုမှာ ကျွန်တော်တို့ KIOနဲ့လုံးဝပတ်သက်မှုမရှိဘူး ခင်ဗျ။ ကျွန်တော်တို့ကတော့ လူထုကို ထိခိုက်စေမဲ့ဖြစ်စဉ်မျိုး  တစ်ခုမှမလုပ်ပါဘူး။ လုပ်ဖို့လည်းရည်ရွယ်ချက်မရှိပါဘူး။ အဲဒီဘက်မှာ KIA ရှေ့တန်းစခန်းတွေမရှိပါဘူး။ အဲမှာအမြဲတမ်းသူတို့ရဲ့ နယ်မြေစိုးမိုးရေးအနေနဲ့ မြန်မာစစ်တပ်တွေအမြဲတမ်းလှုပ်ရှားနေတဲ့ နယ်မြေတွေပါ။”

သို့သော် ၄င်းဖြစ်စဉ်တွင် ကထန်ဒေသခံ ထိခိုက်ဒာဏ်ရာရသောသူများအား ကချင်ပြည်နယ်အစိုးရ ၀န်ကြီးအဖွဲ့မှ တခြားအဖွဲ့များမှ အကူညီမယူရန် လာရောက်ကြည့်ရှု၍ ဆေးကုသစာရိတ်များ တာဝန်ယူပေးခဲ့ကြောင်း ဒေသခံပြောသည်။

“စစချင်းဖြစ်တဲ့နေ့ မြစ်ကြီးနားဆေးရုံမှာ သက်ဆိုင်ရာ ကချင်ပြည်နယ်အစိုးရဝန်ကြီးအဖွဲ့ကလာရောက် ကြည့်ရှု ကြတယ်။ သူတို့အားလုံးအစိုးရတာဝန်ယူပြီးမှကြည့်ရှုပေးမယ်တခြားမည်သူမည်ဝါရဲ့ အကူ အညီမှမယူနဲ့။ ခွင့်ပြုချက်မပေးဘူးလို့ ပြောတာပေါ့။ အဓိက သူတို့အစိုးရပဲတာဝန်ယူပြီးမှ ကုသပေးတာပေါ့။ တခြားကတော့ ဆွေမျိုးမိသားစုတွေပဲ လာရောက်ကြည့်ရှုတဲ့အဆင့်ပဲ ရှိတယ်လို့ပြောတယ်။”

ယမန့်ည ရ နာရီခန့်တွင်လည်း မြစ်ကြီးနား ဧရာဝတီမြစ်တစ်ဖက်ကမ်း ၀ိုင်းမော်မြို့ မုတ်ကြိတ်ကျေးရွာ ကွန်ကရစ်တံတား တစ်ကြိမ်ပေါက်ကွဲ၍ ဒီဂျီတယ်လ် တယ်လီကွမ်ဆက်သွယ်ရေးဓါတ်တိုင်တွင် နံနက်၂ နာရီခန့်တွင် တစ်ကြိမ် ၂ ကြိမ်ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်မှ ကားမိုင်းဒေသတွင်း လက်နက်ကြီးများ စမ်းသပ်ပစ်ဖောက်ခြင်း မြေမြုပ်မှိုင်းပေါက်ကွဲခြင်း များလည်းဖြစ်ပေါ်နေသောကြောင့် ဒေသခံများသည် ယခုဖောက်ခွဲမှုသည်လည်းအစိုးရစစ်တပ်များ ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတပ်ကြား တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ အစိုးရစစ်တပ်မှ စစ်အင်အားလက်နက်များသည် ကချင်ပြည်နယ်တဝိုက်တိုးချဲ့လာခြင်းအပေါ် ဟန့်တားသည့်အနေဖြင့် KIA တပ်များ လမ်းတံတား ၂၀စင်းအထက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။

ယခုအချိန်တွင် KIOသည် ယာယီအပစ်ရပ်ရေးပြုလုပ်ရန် မြန်မာအစိုးရအား ဇွန်လိုင်လ ၈ နေ့၌ပြောဆိုထား သော်လည်း အစိုးဖက်မှတု့ံပြန်ခြင်းမရှိသေးသည့်အပြင် ရှေ့တန်းစစ်မျက်နှာတွင်ပစ်ခတ်မှုဆက်လက်ရှိ နေကြောင်း KIO အထွေထွေအတွင်းရေးမှူး ဦးလာနန်ပြောသည်။

Most read this week