မြန်မာစစ်တပ်မှ ကချင်အမျိုးသမီး ရ ဦးကို ပေါ်တာဆွဲ

မြန်မာစစ်တပ်မှ ကချင်အမျိုးသမီး ရ ဦးကို ပေါ်တာဆွဲ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြန်မာစစ်တပ်က အမျိုးသမီး ရ ဦး နှင့် အမျိုးသား ၁ ဦးတိို့ုကို စစ်တပ်ရိက္ခာသယ်ယူရန်အတွက် အဓ္ဓမ ပေါ်တာဆွဲခေါ်ထားကြောင်း ဒေသခံများပြောသည်။

KIA_Battalion_8

နမ္မတူမြို့နယ်မှ ခမရ ၃၂၄ က နမ္မတူမြို့နယ်တွင်းရှိ ဘန်ဝါရွာသား ၈ ဦးကို ဇူလှိုင်လ ၁၂ ရက်နေ့ နံနက် ၉ ခွဲချိန်တွင် အတင်းအဓ္ဓမခေါ်ဆောင်သွားသည်ဟုဆိုသည်။

နမ္မတူ အခြေစိုက် ကေအိုင်အေ တပ်ရင်း ၈ မှ ဇွန်လအတွင်း ၎င်းတို့ဖမ်းဆီးရမိသော မြန်မာစစ်သားများကို ပြန်လွှတ်ပေးခဲ့သည် အမျိုးသမီးများမှာ ဒေါ်လထော်နန်ရွယ်၊ ဒေါ်ဖာဘွန်လု၊ ဒေါ်ဖာဘွန်ကော့၊မအင်ခွမ် ဂျီးမိုင်၊ မလထော်နူးဆန့်၊ ဒေန်နန်ခေါန်၊ ဒေါ်တန်ဘော်ရွယ်တို့ဖြစ်ပြီး အမျိုးသားတစ်ဦးမှာဦးအင်ဒေါ မာလောန်တို့ဖြစ်သည်။

၎င်းရွာသားများ ယခုအချိန်ထိ အိမ်ပြန်ရောက်လာခြင်း မရှိသေးကြောင်းသိရသည်။

ထို့အတူ နမ္မတူမြို့နယ် မုန်းရင်းရွာ (မိုင်းရင်း)မှ အသက်လတ်ပိုင်း အမျိုးသမီး ၂၀ ကိုလည်း ခမရ ၃၂၄ က အဓ္ဓမခေါ်ဆောင်သွားရာ ယခုချိန်ထိ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း သိရသည်။

Most read this week