မြန်မာအစိုးရက လူမျိုးတူချင်းရန်တိုက် စနစ်ဖြင့် ကချင်ကို တိုက်

မြန်မာအစိုးရက လူမျိုးတူချင်းရန်တိုက် စနစ်ဖြင့် ကချင်ကို တိုက်
by -
ကချင်သတင်းဌာန

မြန်မာအစိုးရက ယခုကချင်တိုင်းရင်းသားတွေနှင့် ဖြစ်သောပြည်တွင်းစစ်တွင် “လူမျိုးတူချင်းရန် တိုက်ပေးခြင်းစနစ်” ကို စနစ်တကျကျင့်သုံးနေ ကြောင်း ကချင်နိုင်ငံရေးလေ့လာသူ များပြောပါ သည်။

kachin_militia
မြန်မာစစ်တပ်လက်အောက်ခံ ကချင်ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအားကချင်လွတ် မြောက်ရေးအဖွဲ့ (KIA)နှင့် ဖြစ်ပွားသည့်တိုက်ပွဲတွင် ရှေ့တန်းတင်အသုံးချနေခြင်းသည် ကချင်အမျိုး သားများကြား စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ရန်တိုက်ပေးခြင်းဖြစ်သည်ဟု ကချင်ခေါင်းဆောင်များ ရှုမြင်ထားသည်။

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အခြေစိုက် တန်ဂူးတန်(ခ)အဒန် (Tanggu Dang a.k.a Ah Dang) ဦးဆောင်သည့် သောင်းကျန်သူဆန့်ကျင်ရေးတပ်ဖွဲ့ (Rebellion Resistance Force, RRF)မှပြည်သူ့စစ် အင်အား အနည်းဆုံး ၆၀ ကို ဇွန် လ ကတည်းက တရုတ်နယ်စပ် KIA ခြေကုပ်စခန်းများအနီးသို့ပို့ဆောင်ထား သည်ဟု ပြည်သူစစ်တပ်နှင့် နီးစပ်သူများပြောသည်။

၎င်း RRF ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဇွန်လတွင် ပူတာအိုမှ မြစ်ကြီးနားသို့ အစိုးရပိုင် မြန်မာ့လေကြောင်းဖြင့် ၂ ကြိမ်သယ်ယူပို့ဆောင်ခဲ့သည်ဟု ပူတာအိုမှ မျက်မြင်သက်သေများပြောသည်။

tanggu_dang
မြန်မာအစိုးရ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အရ KIA အားတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် RRF ပြည်သူ့စစ်များကို မြစ်ကြီးနားသို့ သယ်ပို့ခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများ ပြောသည်။

ရဝမ် အမျိုးသားများဖြင့် သီးသန့်ဖွဲ့စည်းထားသော သောင်းကျန်းသူဆန့်ကျင်ရေးတပ်ဖွဲ့ဝင်များကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွင်လည်း ဆန္ဒပြ သံဃာတော်များအား အင်အားသုံးဖြိုခွင်းရာတွင် အသုံးပြုခဲ့သည်။ ယင်းဆန္ဒပြမှု မတိုင်ခင် ပြည်သူ့စစ် ၂၀၀ ကျော်အား ပူတာအိုမှ နေပြည်တော်သို့ စစ်လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။

ဆက်လက်ပြီး KIA မှခွဲထွက်ခဲ့သည့် ကချင်ပြည်နယ်အရှေ့ပိုင်း ပန်ဝါအခြေစို်က် ယခု နယ်ခြားစောင့်တပ် ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (New Democratic Army-Kachin)၊ ရှမ်းပြည်မြောက်ပိုင်းကောင်းခါး အခြေစိို်က် ယခု ပြည်သူ့စစ်တပ်ဖွဲ့  ယခင် ကချင်ကာကွယ်ရေးတပ်မတော် (Kachin Defence Army) နှင့် ဧရာဝတီမြစ်ဆုံအနီး လဝါယန်အခြေစိုက် ဗို်လ်မှူးကြီး လဆန်အောင်ဝါ ငြိမ်းချမ်းရေးအဖွဲ့ များအား KIA နှင့်ဖြစ်ပွားသည့်စစ်ပွဲများသို့ နေပြည်တော်အမိန့်ဖြင့် စေလွှတ်ထားသည်ဟု၎င်းတို့နှင့်နီးစပ်သူများ ပြောသည်။

မြန်မာစစ်တပ်လက်အောက်ခံ ယင်း ကချင်တပ်ဖွဲ့များမှ တစ်ဖွဲ့လျှင် အနည်းဆုံးစစ်သား ၆၀ စီအားကချင်ပြည် နယ်အရှေ့ဘက် KIA ဌာနချုပ် လိုင်ဇာအနီး ရှေ့တန်းသို့ ဇွန်လအစောပိုင်းကတည်းက စေလွှတ်ထားကြောင်း ၎င်းတို့နှင့်နီးစပ်သူများပြောသည်။

စစ်ဗိုလ်ဟောင်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသစ်၏ KIAအား ထိုးစစ်ဆင်ရာတွင် ယခုလို လူမျိုးတူ ကချင်တပ်များအားအသုံးပြုခြင်းသည် ကချင်အမျိုးသားများကြား စည်းလုံးညီညွတ်မှုပျက်ပြားပြီး ရန်လိုတိုက်ခိုက်ကြရန် မီးမွေးပေးခြင်းဖြစ်သည်ဟု ကချင်ခေါင်းဆောင်များခံယူထားသည်။

၁၇ နှစ် ကြာ မြန်မာအစိုးရနှင့် KIA ကြား အပစ်အခတ်ရပ်ဆိုင်းရေးသည် အစိုးရသစ်တက်လာပြီး ဇွန် ၉ ရက်နေ့ ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင်၊ အင်မောက်မြို့နယ်ရှိ KIA ဆန်ဂန်တပ်စခန်းအား အစိုးရဖက်မှ စတင် တိုက်ခိုက်ရာမှ ပျက်ပြယ်ခဲ့သည်။

Most read this week