တရုတ်နယ်စပ် ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ RANIR ဖွဲ့စည်း

တရုတ်နယ်စပ် ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ RANIR ဖွဲ့စည်း
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်ရှိ ချင် ဒုက္ခသည်များအား ကူညီရန် RANIR ခေါ် ကချင် ဒုက္ခသည် ကူညီရေးအဖွဲ့တစ်ခုကို ကချင် လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ်လို်င်ဇာတွင် ဇွန် ရရက် ကြာသပတေး နေ့ တွင် ဖွဲ့စည်းခဲ့သည်။

RANIR ခေါ် “Relief Action Network for IDP (Internally Displaced Person) and Refugee” ကို KIO အဖွဲ့၊ ကချင်ခရစ်ယာန်အသင်းတော်များနှင့် အစိုးရမဟုတ်သောအဖွဲ့စည်းများမှ ပူးပေါင်းဖွဲ့စည်းပါသည်။

“မြန်မာအစိုးရနဲ့ KIO ကြားမှာ ပြည်တွင်းစစ်ပြီးပြီဆိုတာ မရေရာတဲ့အတွက် နောက်ပြီးနေရပ်စွန့်ခွာလာ သူများရဲ့ အသက်ရှင်နေထိုင်နေရမှု အခြေအနေတွေ ဆိုးရွားလာတဲ့အတွက် RANIR ကိုဖွဲ့စည်းရတာ ဖြစ်တယ်။” ဟု အဖွဲ့ Coordinator-၁ လရစ်(La Rip) က ကချင်သတင်းဌာနသို့ပြောသည်။

ဇှုလှိုင် ၆ ရက်စာရင်းအရ နယ်စပ်တစ်လျှောက် ယာယီစခန်း ၁၂ ခု သို့ ဒုက္ခသည် ၁၅၇၉၁ ဦး ရှိနေပြီဟု KIO ဒုက္ခသည်စောင့်ရှောက်ရေးကော်မတီက ပြောသည်။
kachin_idp_laiza_camp
စစ်တပ်ကျောထောက်နောက်ခံ မြန်မာအစိုးရ၏ အဓိကမဟာမိတ် တရုတ်သည် ၎င်းတို့နိုင်ငံထဲကချင် စစ်ပြေး ဒုက္ခသည်စခန်းများ တည်ဆောက်ခြင်း ယခုချိန်ထိ ခွင့်ပြုခြင်း မရှိပါ။

နောက်ထပ် ဒုက္ခသည်များ KIO နယ်မြေထဲသို့ ရောက်ရှိလာနေဆဲဖြစ်သည်။

စစ်ပွဲစတင်လာချိန်မှ မြန်မာစစ်တပ်က ကချင်ပြည်သူများပေါ် ဖမ်းဆီးနှိပ်စက်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းနှင့် အတင်းအကြပ် ပေါ်တာဆွဲခြင်းများကြောင့် မိုးရာသီ စပါးစိုက်ရာသီတွင် ပြည်သူများ ၎င်းတို့ လယ်မြေ၊ အိုးအိမ်နှင့် ကျွဲ၊ နွားများကို စွန့်ပြီး တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေသို့ထွက်ပြေး ၀င်ရောက်လာကြခြင်းဖြစ်သည်။

ယခုအချိန် ဒုက္ခသည်များအတွက် အစားအစာနှင့် နေရာထိုင်ခင်းအတွက် KIO က စီစဉ်ပေးပြီး အခြေခံ ဆေးဝါးနှင့် ခြင်ထောင်အတွက် လန်ဒန် အခြေစိုက် Health Unlimited (HU) မှ ထောက်ပံ့သည်ဟု သိရသည်။

နိုင်ငံတကာမှ အကူအညီမရရှိပါက လာမည့်သတင်းနှစ်ပတ်တွင် ဒုက္ခသည်များအတွက် အရေးပေါ်အကူ အညီများ လိုအပ်လာမည်ဖြစ်သည်ဟု La Rip ပြောသည်။

ထို့အပြင် လိုင်ဇာရှိ ခန်းမဆောင်များတွင် ဒုက္ခသည်များ စုပေါင်းနေထိုင်ရသည့်အတွက်ပဏာမစစ်ဆေး တွေ့ရှိချက် ငှက်ဖျား၊ အူရောင်ငန်းဖျား၊ တုပ်ကွေးနှင့် ၀မ်းရောဂါများအချင်းချင်းကူးစက်ပြန့်ပွားနိုင်သည့် အန္တရာယ်ရှိနေရကြောင်း သူကဆက်ဆိုသည်။

ယခုချိန် ဒုက္ခသည်များ လိုင်ဇာသို့ခိုလုံရောက်ရှိလာခြင်း အချိန်တစ်လကျော်လာပြီဖြစ်သော်လည်း မိသားစု အလိုက် သီးသန့် တဲ (သို့မဟုတ်) နေအိမ် စီစဉ်ပေးနိုင်ခြင်း မရှိသေးပါ။

“ဒုက္ခသည်တွေကို KIOနှင့် HU ကပဲ ရေရှည်ကူညီဖို့ လုံးဝမဖြစ်နိုင်ဘူး။ နိုင်ငံတကာအကူအညီ မရှိမဖြစ် လိုအပ်ပါတယ်။” ဟု La Rip ပြောသည်။

Most read this week