မြန်မာအစိုးရပစ်မှတ် တိုက်ခိုက်ခြင်း KIA ကန့်တန့်

မြန်မာအစိုးရပစ်မှတ် တိုက်ခိုက်ခြင်း KIA ကန့်တန့်
by -
ကချင်သတင်းဌာန

အပစ်အခတ်ရပ်စဲရေးကိစ္စ KIOနှင့်ကချင်ပြည်နယ် အစိုးရကိုယ်စားလှယ်များ ဇွန် ၃၀ လဂျားယန်၌ တွေ့ဆုံပြီးနောက် “မြန်မာစစ်သားများ KIAနယ်မြေ ထဲ ၀င်ရောက်ခြင်းမရှိလျှင် ပစ်ခတ်မှု မပြုရန်” KIA လိုင်ဇာစစ်ဌာနချုပ်က ရှေ့တန်းမှ၎င်းတို့တပ်ဖွဲ့များ ကို ဇူလိုင် ၁ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာအစိုးရအုပ်ချုပ်သည့် မြို့ထဲ၊ ရပ်ရွာထဲဝင်ရောက်ဗုံးခွဲခြင်းနှင့် လမ်းပေါ်ဖြတ်သွားသော မြန်မာစစ်သားများအား တိုက်ခိုက်ခြင်း မ ပြုရန်လည်း ညွှန်ကြားချက်တွင်ပါရှိကြောင်း KIA ရှေ့တန်းသတင်း ရပ်ကွက်မှ သိရသည်။
kia_burmese_flag
သို့သော် ယင်းသို့ညွှန်ကြားချက်ထွက်လာပြီးနောက် ဇူလိုင် ၃ ရက်တွင် ဆန်ဂန်နှင့် ဘွမ်ဆဲန်ရှိ KIAတပ်စခန်း များကို သိမ်းပိုက် ထားသည့် မြန်မာစစ်တပ်က ဆက်လက်၍ KIAနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက် လာသည့် အတွက် ယင်းဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်။

ယင်းတိုက်ပွဲကြောင့် KIA ရှေ့တန်းတပ်များအား ညွန်ကြားထားချက် ပြောင်းလဲခြင်း မရှိပါ။

Most read this week